Monday, December 28, 2015

ကျောက်ဖြူအထူးစီးပွားရေးဇုန် နယ်နိမိတ်သတ်မှတ်ရန် ရက်ပိုင်းအတွင်း မဲခွဲဆုံးဖြတ်မည်


ကျောက်ဖြူအထူးစီး ပွားရေးဇုန် နယ်နိမိတ်သတ်မှတ် ချက်အတည်ပြုခြင်းကို လာမည့် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ အပြီးသတ် မဲခွဲ ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်တွင် လုပ်ကိုင်မည့် ရေနက်ဆိပ် ကမ်းတည်ဆောက်ခြင်း၊ စက်မှု ဇုန်အကောင်အထည်ဖော်ခြင်း တင်ဒါကို သမ္မတဦးသိန်းစိန် အစိုးရက ဒီဇင်ဘာ ၃၀ ရက်၌ ကြေညာရန် လျာထားသဖြင့် ဒီဇင် ဘာနောက်ဆုံးပတ် လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ် ပေးရမည်ဖြစ်သည်။

မဲခွဲဆုံးဖြတ်မည့် ရက်ကို အတိအကျ မသိရှိရသေးသော် လည်း ကျောက်ဖြူအထူးစီးပွား ရေးဇုန်နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးနှင့် ၁၀ ဦးအကြား မေးမြန်းရန် တောင်းခံထားသည်ဟု ဆိုသည်။

‘‘မဲခွဲမဆုံးဖြတ်ခင်မှာ သက် ဆိုင်ရာ ကော်မတီ အဖွဲ့တွေနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် က အဖွဲ့တွေ ခြောက်ကြိမ်တိတိ အစည်းအဝေး လုပ်ခဲ့ပါတယ်။ တချို့ အစည်းအဝေးတွေမှာ နာယကကြီးကိုယ်တိုင် တက်ပါတယ်’’ဟု လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော စီးပွားရေးနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ လွှတ်တော်ကိုယ်စားလှယ် နှင့် ကျောက်ဖြူအထူးစီးပွားရေး တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့တို့ နောက်ဆုံး တွေ့ဆုံရန် ရှိနေ သည်။

‘‘တနင်္လာနေ့မှာ ကျောက် ဖြူက အဖွဲ့နဲ့ တွေ့ပြီး စီးပွားရေး တွက်ခြေကိုက်မှုရှိ၊ မရှိမေးမြန်း ကြမယ်။ ကြားနာကြမယ်။ ကြား နာပြီးသွားရင် လွှတ်တော်ကို တင်ပြနိုင်တယ်။ တင်ပြခွင့်ရ၊ မရတော့မသိရသေးဘူး’’ ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ၀င်းမြင့်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင် ဆိပ်ကမ်းတည်ဆောက် မည့် တင်ဒါလုပ်ထုံးလုပ်နည်း၌ရှယ်ယာ အကျိုးအမြတ် ခွဲဝေမှုတွင် မြန်မာက ၁၅ ရာခိုင်နှုန်း၊ နိုင်ငံခြားကုမ္ပဏီက ၈၅ ရာခိုင်နှုန်းသတ် မှတ်ထားသဖြင့် ဒေသခံများက ယင်းအချက်အပေါ် ကျေနပ်မှုမရှိ ခြင်းနှင့် ကျောက်ဖြူအထူးစီးပွား ရေးဇုန် မစတင်မီ ဒေသခံများ၏ တောင်းဆိုချက်များ လိုက်လျော မှုမရှိခြင်းကြောင့် ယခုအစိုးရ သက်တမ်းတွင် လွှတ်တော်က အတည်ပြုပေးရမည့် နယ်နိမိတ် သတ်မှတ်ချက်ကို ရပ်ဆိုင်းပေး ရန် ဒီဇင်ဘာ ၂၀ ရက်က တောင်း ဆိုထားသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန် ကနဦးအကောင်အထည်ဖော် ခြင်းလုပ်ငန်းတွင် ဆိပ်ကမ်းတည် ဆောက်လုပ်ကိုင်ခြင်းနှင့် စက်မှု ဇုန် တည်ထောင်လုပ်ကိုင်ခြင်း၊ လုပ်ကိုင်ခွင့်တင်ဒါကို ကြေညာ သွားမည်ဖြစ်ပြီး မြို့ပြ တည် ဆောက်ခြင်းလုပ်ငန်းကို နောက် မှ တင်ဒါရွေးချယ်ရန် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တင်ဒါအဖွဲ့ က ရည်ရွယ်ထားသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်အတွက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံရှိမည်ဟု မြန်မာအစိုးရ က ခန့်မှန်းထားသည်။

တန်ချိန် ၈၀၀၀ နှင့် ၉၀၀၀ အကြားရှိသည့် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် မီတာ ၃၀၀ ရှည်သော ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းတွင် ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည် ဖော်မည့် အစိုးရအဖွဲ့ဝင်နှင့် ပညာရှင်များက အမေရိကန်ဒေါ်လာသန်း ၃,၀၀၀ ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားသည်။

‘‘အလွန်ဆုံးကုန်ကျစရိတ် က သန်း ၅၀၀ လောက်ပဲရှိလောက် မယ်ထင်ပါတယ်။ သန်း ၅၀၀ လောက်ရှိမယ်ဆိုတော့ ဒီဆိပ် ကမ်းလုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီ ကို ပေးမယ့်အစား အစိုးရကို လုပ် စေချင်တယ်။ ပြီးတော့မှ လည် ပတ်ခွင့်ကို နိုင်ငံခြားကုမ္ပဏီပဲဖြစ် ဖြစ်၊ ပြည်တွင်းကုမ္ပဏီပဲဖြစ်ဖြစ် ကြိုက်တာကို လုပ်ပိုင်ခွင့် ပေး စေချင်တယ်။ ဒါမှ မြန်မာက တောင်းလို့ရမယ်’’ဟု ဆိပ်ကမ်း လုပ်ငန်းတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးကပြောသည်။


Credit To >>> 7Day News Journal

0 comments:

Post a Comment