Monday, December 28, 2015

လာမည့်ဇန်နဝါရီ ၁ ရက်မှစတင်ကာ ကားတင်သွင်းလိုသူများအနေဖြင့် နေပြည်တော်ရှိ ရွာတော် ကညနရုံးတွင် ကားတင်သွင်းခွင့်လျှောက်လွှာ ဦးစွာတင်ပြရမည်


၂၀၁၆ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ကား တင်သွင်းလိုသူများအနေဖြင့် နေပြည် တော်ရှိ ရွာတော်ကုန်းလမ်း ပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) ရုံး တွင် ကားတင်သွင်း ခွင့်လျှောက်လွှာ ကို ဦးစွာတင်ပြရ မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ကားတင်သွင်းလို ပါက စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတွင် ပါမစ် လျှောက်ကာ တင်သွင်းရ မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး နေပြည်တော်ရှိ ရွာတော်ကြီးကညန ကိုအရင်ဆုံးလျှောက် လွှာတင်ပြပြီး မှသာ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှပါမစ်လျှောက် ထားခွင့်ပြုမည်ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''နေပြည်တော်က ရွာတော်ကြီး ကညန မှာကားတင်သွင်း ခွင့်လျှောက်လွှာ ကားအမျိုးအစားကို မှန်ကန်စွာ တင်ပြ ရပါမယ်၊ တင်ပြပြီးမှ စီးပွားကူးသန်းမှာ ပါမစ်လျှောက်ခွင့်ရ မှာပါ''ဟု ပြောသည်။

ယာဉ်အိုယာဉ်ဟောင်းပုံစံဖြင့် တင်သွင်းပါက မော်တော်ယာဉ်တင် သွင်းခွင့်လျှောက်လွှာ၊ လျှောက်လို သူ၏ မှတ်ပုံတင်၊ ယာဉ်တန်ဖိုး၊ အိမ် ထောင်စုစာရင်း၊ ဖျက်သိမ်းလိုက် သည့်ယာဉ်အမျိုးအစား၊ အသေးစိတ် အချက်အလက်၊ မှတ်ပုံတင်သက်တမ်း များလိုအပ်မည်ဖြစ်ပြီး ဖရီးပါမစ်နှင့် တင်သွင်းလိုပါက ယာဉ်တင်သွင်း ခွင့်လျှောက်လွှာ၊ လျှောက် လိုသူ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ယာဉ်အမျိုးအစား၊ အသေးစိတ်အချက် လက်၊ ယာဉ်တန်ဖိုး၊ နိုင်ငံခြားငွေ စာရင်းစာအုပ်များဖြင့်တင်ပြ ရမည် ဖြစ်ကြောင်း သိရသည်။

သီရိမင်္ဂလာယာဉ်ရောင်းဝယ် စခန်းမှ ဝယ်ရောင်း ဦးလွင်ဦးက ''အခုကားမူဝါဒတွေက ကားတင် သွင်းတဲ့သူတွေကို အလုပ်ရှုပ်စေ တယ်။ အခုက စီးပွားကူးသန်းမှာပဲပါမစ်တင်၊ သူတို့ကစိစစ်ပြီး ပါမစ်ပြန်ချပေးပြီး ရင် ဆိပ်ကမ်းမှာကားထုတ်ရုံပဲကို ကညနကို ကားနံပါတ်ထုတ်မှပဲ သွား ရတာ။ အခု နေပြည်တော်ကိုသွားပြီး ပါမစ်အတွက် တင်ပြရဦးမယ် ဆိုတော့ တော်တော်လေး အခက်အခဲဖြစ် တယ်''ဟု ဆိုသည်။

လက်ရှိတွင် ၂၀၁၆ခုနှစ်၌ တင်သွင်းခွင့်မရတော့သည့် ကား အမျိုး အစား များကို နှစ်မကုန်မီတင် သွင်းခွင့်ရရန် စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနတွင် ပါ မစ်လျှောက်ထားသူများ များပြား လျက်ရှိကြောင်း သိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment