Tuesday, December 22, 2015

သမ္မတသက်တမ်းအတွင်း တာဝန်အရဆောင်ရွက်ချက်များအပေါ် တရားစွဲဆိုခြင်းမရှိရဟုထည့်သွင်းထားသောဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း


နိုင်ငံတော် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူက သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရဆောင် ရွက်ချက်များကို အကြောင်းပြုလျက် ၎င်းအား တရားစွဲဆိုခြင်းနှင့် အရေး ယူခြင်းတို့မရှိစေရဟု ထည့်သွင်းရေး ဆွဲထားသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေး ဆိုင်ရာဥပဒေကြမ်းကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြည်သူ့လွှတ်တော် သို့တင်သွင်းခဲ့ကြောင်းသိရသည်။

အဆိုပါဥပဒေကြမ်းကို ဒီဇင် ဘာ ၂၁ ရက်ကကျင်းပသည့် ပြည်သူ့ လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး၌ ပြည်ထဲရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက တင်သွင်း ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဥပဒေကြမ်းကို တင် သွင်းရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ် သက်ပြီး ဗိုလ်မှူးချုပ်ကျော်ကျော် ထွန်းက ''နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ အသက်အန္တရာယ် နှင့် ကိုယ်ကာယကိုကြိုတင်ကာကွယ် ရန် (သို့မဟုတ်) ကာကွယ်နိုင်ရေး အတွက် လုံခြုံရေးဆောင်ရွက်ရန်၊ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင် ခဲ့သူအား မိသားစုနှင့်အတူ လုံခြုံစွာ နှင့် စိတ်အေးသက်သာစွာ နေထိုင် စေရန်နှင့် နိုင်ငံတော်၏ တာဝန်ထမ်း ဆောင်ပြီးနောက်ပိုင်း တာဝန်ထမ်း ဆောင်စဉ်က ဥပဒေနှင့်အညီ ဆုံး ဖြတ်ခဲ့မှုများနှင့်စပ်လျဉ်း၍ အနှောင့် အယှက်ပေးခြင်း၊ အန္တရာယ်ပြုခြင်း တို့မှ ကာကွယ်ရန်တို့အတွက်ဖြစ်ပါသည်''ဟုလွှတ်တော် သို့ပြောသည်။

အဆိုပါဥပဒေကြမ်းနှင့် ပတ် သက်ပြီး ပြည်သူ့လွှတ်တော်ဥပဒေ ကြမ်းကော်မတီက ကော်မတီ၏စိစစ် လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီဝင် ဦးစောလှထွန်းကဖတ် ကြားခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန မှတင်သွင်းသကဲ့သို့ ရည်ရွယ်ချက် သုံးရပ်ဖြင့် ရေးဆွဲထားသည်ကိုတွေ့ရ ကြောင်းနှင့် ယင်းကဲ့သို့ဥပဒေကို နိုင် ငံအသီးသီးတွင် ပြဋ္ဌာန်းထားသည် ကိုတွေ့ရှိရကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတတာဝန်ထမ်း ဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပ ဒေကြမ်းတွင် အခန်းငါးခန်းပါရှိပြီးဥပဒေပုဒ်မပေါင်း ၁၄ ခုပါရှိကာ နိုင် ငံတော်သမ္မတတာဝန်ထမ်းဆောင် ခဲ့သူကို လုံခြုံရေးအကာအကွယ်ပေးရန် ကိုယ်ရံတော်နှင့် ကိုယ်ရံတော်အဖွဲ့ ဖြင့် စောင့်ရှောက်ရေးအပြင် အခန်း (၄)၌ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မ တအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလ အတွင်း တာဝန်အရ ဆောင်ရွက်ချက် များကိုအကြောင်းပြုလျက် ၎င်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရဟု ထည့်သွင်းရေးဆွဲထား သည်ကိုတွေ့ရှိရသည်။

အဆိုပါဥပဒေကြမ်းနှင့်ပတ် သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ''အခြားနိုင်ငံတွေ ကိုလေ့လာတဲ့အခါမှာ ဒါတွေကရှိ နေတယ်ဆိုပြီး သူတို့ကတောင်းထား တယ်။ ကျွန်မတို့ ဒီအချက်နဲ့ပတ် သက်ပြီး ပြန်ပြီးတော့စိစစ်ရဦးမယ်။ပြန် ပြီးတော့လေ့လာရဦးမယ်'' ဟု ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

အဆိုပါဥပဒေကြမ်းနှင့်ပတ် သက်ပြီး ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များရှိပါက ဒီဇင်ဘာ ၂၃ ရက် နောက်ဆုံးထားပြီး အမည်စာရင်းတင် သွင်းနိုင်ကြောင်း လွှတ်တော်ဒုတိယ ဥက္ကဋ္ဌက လွှတ်တော်သို့ ကြေညာ ထားသည်။

Credit To >>> Democracy News

0 comments:

Post a Comment