Wednesday, February 10, 2016

တရုတ်နိုင်ငံကို လေသန့်ရောင်းပြီး ၀င်ငွေကောင်းနေသူ


ဗြိတိန်နိုင်ငံသား တစ်ဦးဟာ ဗြိတိန်နိုင်ငံက လေကောင်းလေသန့်တွေကို ပုလင်းထဲထည့်ပြီး
လေထုညစ်ညမ်းမှု ဖြစ်နေတဲ့ တရုတ်နိုင်ငံထံ ရောင်းချကာ ၀င်ငွေလမ်းဖြောင့်နေပါတယ်။

လေကောင်းလေသန့် ၂၀အောင်စ ပါဝင်တဲ့ ပုလင်းတစ်လုံးကို အမေရိကန်ဒေါ်လာ ၁၁၅ နဲ့ ရောင်းချခဲ့ပြီး ကုမ္ပဏီတည်ထောင်ခဲ့တဲ့ သီတင်း ပတ်အနည်းငယ် အတွင်းမှာပဲ လေသန့် ၂၀ အောင်စပါ ပုလင်းအလုံး ၁၈၀ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

စီးပွားရေးမှာ ကျားတစ်ကောင်အဖြစ် တင်စားရတဲ့ တရုတ်နိုင်ငံကို လေသန့်ပြန်ရောင်းပြီး စီးပွားရှာတဲ့ ဗြိတိန်နိုင်ငံသားဟာ လီယိုဒီဝက်စ်လို့ အမည်ရပါတယ်။ လီယိုဒီဝက်စ်က ဟောင်ကောင်မှာ မွေးဖွားခဲ့သူပါ။

သူဟာ အင်္ဂလန်နဲ့ ဝေးလ်နိုင်ငံတွေက လေသန့်တွေကို အိတ်နဲ့ထည့်ယူပြီး ပုလင်းထဲပြန်ထည့်တာဖြစ်ပါတယ်။ သူတည်ထောင်ထားတဲ့ ကုမ္ပဏီက Aethaerဖြစ်ပြီး အွန်လိုင်းကနေလည်း မှာယူလို့ရနိုင်ပါတယ်။ လေသန့်
ပုလင်းတွေမှာ ဘယ်ဒေသက လေသန့့် ဆိုတာကို ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်း ထွန်းကားတဲ့ မြို့တွေမှာ အခုနှစ်အတွင်း လေထုညစ်ညမ်းမှု
အနီရောင်အဆင့် သတိပေးခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။

"ကျွန်တော်တို့ဆီကို မကြာခဏ အထူးအော်ဒါ တော်တော်များများ မှာလေ့ရှိပါတယ်။ သူတို့ရဲ့ လေသန့်အတွက် သီးသန့်လုပ်ပေးဖို့ တောင်း ဆိုတဲ့ ဖောက်သည်တွေပေါ့။ တစ်ခါတရံ တောင်ထိပ်မှာ၊ တစ်ခါတရံ တောင်ကြားမှာ ကျွန်တော်တို့ လေသန့်စုဆောင်းကြပါတယ်"လို့ လီယိုဒီဝက်စ်က ပြောပါတယ်။

Credit To >>> Yoyarlay News

0 comments:

Post a Comment