Tuesday, December 22, 2015

ပြည်တွင်းထုတ်ကုန်များကို Alibaba.com မှတစ်ဆင့် နိုင်ငံတကာဈေး ကွက်သို့စတင်ရောင်းချနိုင်

လက်ရှိတွင် မိမိတို့ထုတ်ကုန်ပစ္စည်းများအား လုံခြုံစိတ်ချစွာရောင်းချနိုင်မည့် နည်းလမ်းများကိုသင် ကြားပေးမည့် သင်တန်များကိုအခမဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ www.Alibaba.com မှ တစ်ကမ္ဘာ လုံးရှိ ပစ္စည်းများကိုဝယ်ယူခြင်း၊ မိမိထုတ်ကုန်များကို ရောင်းချခြင်း ၀န်ဆောင်မှုအား နိုဝင်ဘာလမှစ တင်ကာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအစီစဉ်ကို Alibaba Gold Supplier အ ဖွဲ့ဝင်ဖြစ်ခြင်းဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အဖွဲ့ဝင်ဖြစ်ခြင်းဖြင့် မိမိလုပ်ငန်း၏ထုတ် ကုန်နှင့် ၀န်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတကာမှ ၀ယ်ယူလိုသူများသိရှိရန် အရောက်ပို့ပေးပြီးအ ရောင်းအ၀ယ်ပြုလုပ်နိုင်မည်ဖြစ်သည်။
Gold Supplier အဖွဲ့ဝင်ဖြစ်ပါက အကောင့်ငါးခုရရှိမည်ဖြစ်ပြီး ၀ယ်သူများကိုအချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်မည် ဟုဆိုသည်။ မိမိထုတ်ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို ကမ္ဘာတစ်ဝန်းတွင်ပြု လုပ်နေသော ကုန်စည်ပြပွဲများသို့ပြသပေးခြင်း၊ ၀ယ်ယူလိုမှုများကို အချိန်နှင့်တစ်ပြေးညီ Quotation ပေးပို့နိုင်ခြင်း စသည့်အကျိုးရလာဒ်များရရှိမည် ဟုသိရသည်။
 
Credit To >>> Internet Journal

0 comments:

Post a Comment