Tuesday, November 17, 2015

ကျောက်ဖြူ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းသွားမည်

 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရှေး ဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကျောက်ဖြူ ယဉ် ကျေးမှုအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အဆိုပါအဖွဲ့ ကိုဖွဲ့စည်းနိုင်ရန် လုပ်ကိုင်ဆောင်ရွက် နေပြီး တရားဝင်မှတ်ပုံတင်ပြီး ဖွဲ့ စည်းသွားရန် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါအဖွဲ့၏ နာယကအဖြစ် ပါဝင်သူ ဦးမောင်မောင်ဝင်းက ''ကျောက်ဖြူမှာက ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းဖို့ လို အပ်နေပါတယ်။ နောက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ် ငန်းတွေဖြစ်တဲ့ ဒီရေတောထိန်းသိမ်း ရေးလုပ်ငန်းတွေကလည်း ပျက်စီး ယိုယွင်းလာနေတယ်။ ဒါကြောင့် ဒီအဖွဲ့လေးကို ဖွဲ့စည်းတာပါ''ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်သည် သမိုင်း ဝင်ယဉ်ကျေးမှုအမွေအနှစ် အများ အပြားရှိနေသည့် ဒေသတစ်ခုဖြစ် ပြီး အလျင်အမြန် ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ ဒီရေတောများမှာ လည်း တဖြည်းဖြည်း ပျက်စီးယို ယွင်းလာနေခြင်းကြောင့် ထိန်းသိမ်း ရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ကျောက် ဖြူမြို့နယ်မှဒေသခံတစ်ဦးက ''ကျောက် ဖြူမှာက ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်တွေဖြစ်တဲ့ ဘုရား၊ အဆောက် အအုံတွေရှိပါတယ်။ အခုလိုထိန်းသိမ်းရေးအဖွဲ့ဖွဲ့မယ် ဆို ကောင်းပါ တယ်။ ဖြစ်နိုင်ရင်တော့ ရခိုင်ပြည် နယ်တစ်ခုလုံးမှာ ရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်း သိမ်းစေချင်တာပါ။ ထိန်းသိမ်းရေး အဖွဲ့လည်းဖွဲ့စေချင်ပါတယ်''ဟုပြေသည်။

Credit To >>> Myanmar Breaking News 

0 comments:

Post a Comment