Monday, November 23, 2015

အစိုးရအဖွဲ့အမည်စာရင်း လျာထားခြင်း မရှိသေးဟု ဒီချုပ်ဆို


-အစိုးရ အဖွဲ့အမည်စာရင်းကို လျာထားခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ၏ပြောရေးဆို ခွင့်ရှိ သူပါတီ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဦးဝင်းမြင့်ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် နိုဝင်ဘာ ၈ ရက်က ကျင်း ပခဲ့သည့်အထွေထွေရွေးကောက်ပွဲ တွင် အစိုးရဖွဲ့နိုင် သည့်ရလဒ်ကို ရရှိခဲ့ပြီးဖြစ်သဖြင့် အစိုးရအဖွဲ့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ဝင်ပြည် ထောင် စုဝန်ကြီး နှင့်ဒုဝန်ကြီးနေ ရာ များ၊တိုင်းဒေသကြီးနှင့်ပြည် နယ် ဝန်ကြီးချုပ်များကိုလက်ရှိအချိန်၌် လျာထားဆုံးဖြတ်ပြီးခြင်းရှိ၊ မရှိ ဒီမိုကရေစီတူဒေး သတင်းစာ၏ မေးမြန်းမှုအပေါ် ဦးဝင်းမြင့်ကယင်း ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
''လက်ရှိအချိန်ထိတော့ အစိုးရ အဖွဲ့ဝင်နေရာတွေအတွက် ခန့်အပ် ဖို့လျာထားစာရင်းကို ပါတီဗဟိုအ လုပ်အမှုဆောင်ကော်မတီ ကဆုံးဖြတ် သတ်မှတ်ထားခြင်းမရှိသေးပါဘူး''ဟု ဦးဝင်းမြင့်က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။
လက်ရှိအစိုးရအဖွဲ့ဝင်များအနက်အချို့ကိုြီူ အစိုးရအဖွဲ့တွင် ထည့်သွင်း မည့်အခြေအနေရှိ၊ မရှိ နှင့်ပတ်သက်၍ မေးမြန်းမှု အပေါ် တွင် လည်း ဦးဝင်းမြင့်က လက်ရှိ အချိန်ထိမည်သို့မျှလျာထားခြင်း မရှိသေးကြောင်း ထပ်လောင်းပြော ကြားသည်။
နိုဝင်ဘာ ၁၆ ရက်က ဒီချုပ် လက်ရှိလွှတ်တော်ကိုယ်စားလှယ် များအား ဝန်ကြီး၊ ဒုဝန်ကြီးနေရာကို စိတ်ကူးမယဉ်ကြရန် ဒေါ်အောင် ဆန်းစုကြည် က ပြောကြားပြီးနောက် တွင် ပြင်ပမှပညာရှင်များကို အစိုးရ အဖွဲ့ဝင်အဖြစ် လူမှန်နေရာမှန်ရွေး ချယ်သွားနိုင်ဖွယ်ရှိသည်ဟု နိုင်ငံ ရေးအကဲခတ်အချို့က သုံးသပ် သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန်ယုံကြည်မှုရှိသည်ဟု ယူဆရသော သူရဦးရွှေမန်းအား အစိုးရသစ်အဖွဲ့ဝင်(သို့)ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိ ကကျသော အခန်းကဏ္ဍမှပါဝင်ရန် ဒီချုပ်မှကမ်း လှမ်းဖွယ် ရှိသည်ဟု လည်း အကဲခတ် အချို့က ထင်ကြေး ပေးသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် လက်ရှိလွှတ်တော် သက်တမ်းကုန်ဆုံးပါက အနိုင်ရ ကိုယ်စားလှယ်များဖြင့် ပြန်လည် စတင်ရမည့်လွှတ်တော်များခေါ်ယူ နိုင်ရေးအတွက် ဆောင် ရွက်နေ ကြောင်းဦးဝင်းမြင့်က ဆိုသည်။
''လွှတ်တော်အစည်းအဝေးများ ခေါ်ယူနိုင်ရေးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်းပဲ ဆောင်ရွက်ရမှာ ပါ''ဟု ဦးဝင်းမြင့်က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လာမည့်လွှတ်တော်အစည်းအဝေး များကို လက်ရှိတာဝန်ထမ်းဆောင် နေသည့် လွှတ်တော်ဥက္ကဋ္ဌ များက ခေါ်ယူ ကျင်းပပေးရမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပ ရန် ပြည် သူ့ လွှတ်တော်ဥက္ကဋ္ဌ ကခေါ်ယူရ မည်ဖြစ်ကာ အမျိုးသား လွှတ်တော် ကျင်းပရန် လက်ရှိအ မျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခေါ် ယူပေးရ မည်ဖြစ်သည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment