Wednesday, September 2, 2015

သတိထားရမည့် တောင်ပေါ်ဆူနာမီ


ချင်းတောင်တန်းတစ်နေရာတွင် ဆည်ကဲ့သို့ဖြစ်နေသော ရေကန်တစ်ခု ရုတ်တရက်ကျိုးကျရာမှ ကျေးရွာတစ်ရွာ ရွာလုံးကျွတ်မျောပါသွားပြီးနောက် ဒေသတွင်း ၌ တောင်ပေါ်ဆူနာမီကဲ့သို့ သဘာဝဘေးအန္တရာယ် သတိပေး ခေါင်းလောင်းသံ ထိုးရန် လိုပြီဖြစ် ကြောင်း ပညာရှင်များက တပ် လှန့်လိုက်ပါပြီ။

ချင်းပြည်နယ် တွန်းဇံမြို့ နယ်ရှိ တွီခိန်ဇန်(ခေါ်) ဟားခါးလေးကျေးရွာမှာ ရွာ၏အပေါ်ပိုင်း တောင်ပေါ်ရေကန်တစ်ခု သြဂုတ် ၂၇ ရက်က ကျိုးကျကာ ရွှံ့နွံရေစီး အရှိန်ကြောင့် ရွာလုံးကျွတ်မျော ပါသွားခဲ့ခြင်းဖြစ်သည်။ တစ်ရွာ လုံးကို ဖျက်ဆီးပစ်မည့် ရွှံ့နွံများ အလုံးအရင်းဖြင့်မလာမီ တောင် ကျရေဆင်းလာသည်ကို သတိ ထားစောင့်ကြည့်နေခဲ့သော ကြောင့် လူများအချိန်မီ ရှောင် တိမ်းနိုင်ခဲ့ပြီး သေဆုံးသူမရှိခဲ့ပေ။ သို့သော် တောင်ပေါ်မှ အရှိန်ပြင်း ပြင်းလိမ့်ဆင်းလာသည့် ရွှံ့နွံများ က ရွာထဲရှိ အိမ်များအားလုံးကို ခြေမွဖျက်ဆီးပစ်လိုက်ပါသည်။
‘‘တောင်ပေါ် ရေကန်ကြီး မြေပြိုမှုဖြစ်ပြီး ကျိုးကျတယ်။ ရွာလုံးကျွတ်မျောသွားတယ်ဆိုတော့ တောင်ပေါ် ဆူနာမီလို့ ပြောလို့ရတယ်။ ဒီအန္တရာယ်ကို သတိထားဖို့လိုတယ်’’ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် က ပြောသည်။
ဟားခါးလေးကျေးရွာဖြစ် စဉ်ကို အချိန်ပြည့်လေ့လာနေခဲ့ သည့် သစ်တောဦးစီးဌာန၊ ညွှန် ကြားရေးမှူး(အငြိမ်းစား) ဦးမောင်မောင်သန်းက လက်ရှိအချိန်သည် ချင်းတောင်တန်းနှင့် ဆက်စပ်နေသည့် ဒေသများ၌ တောင်ပေါ်ရေကန် (Landslide Dam) ပြိုကျနိုင်သည့် အန္တရာယ် ကို အချိန်မီ သတိပေးရန်လိုသည် ဟု စိုးရိမ်တကြီးထောက်ပြသည်။
‘‘ကြောက်စရာပဲ။ ဒီလောက် ကြီးတဲ့ ရေအိုင်ကြီးက ရေလုံးဝ မစီးတော့ဘူး’’ဟု ဦးမောင်မောင် သန်းက ချင်းတောင်တန်းတစ်နေ ရာကို ဂြိုဟ်တုမှ ရိုက်ယူထားသည့် ဓာတ်ပုံတစ်ပုံကို ကွန်ပျူတာမှ တစ်ဆင့် ကြည့်ရင်းပြောလိုက် သည်။
ဂြိုဟ်တုဓာတ်ပုံအရ ချင်းပြည်နယ်နှင့် ထိစပ်နေသည့် ကလေးမြို့နယ်အထက် မိုင် ၃၀ ခန့်အကွာတွင် ရွှံ့နွံရေစီးဖြစ်စေ နိုင်သည့် မြေသားတမံ(Landslide Dam) တစ်ခု ဖြစ်နေနိုင်သည်ဟု သံသယရှိကြောင်း ၎င်းက ရှင်းပြ သည်။ မြေသားတမံကဲ့သို့ Landslide Dam မှာ တောင်ပေါ်တွင် မူလစီးနေသောချောင်းမှာ မြေပြို ပိတ်ဆို့သွားပြီး မိုးသည်းထန်စွာ ရွာချိန်တွင် ကျိုးပေါက်ကာ အရှိန် အဟုန်ဖြင့် စီးဆင်းသောကြောင့် အန္တရာယ်ကြီးသည်။
ဒေသခံများကလည်း ၎င်း တို့ဒေသတွင် ယခင်နှစ်များက ပုံမှန်စီးနေသည့် ဒေသအခေါ် မြောင်းချောင်းများမှာ ရေစီးနှေးနေပြီး  တောလိုက်မုဆိုးများကလည်း အပေါ်ပိုင်းတွင် ဆည်ကဲ့သို့ ရေကန်ကြီးတစ်ခုဖြစ်နေသည်ကို မြင်ခဲ့ရသည်ဟု ပြောနေကြသောကြောင့် စိုးရိမ်နေခြင်းဖြစ်သည်။ အကယ်၍တောင်ပေါ်တွင် ဆည်ကဲ့သို့ တောင်ပေါ်ရေကန်ကြီးတစ် ခုဖြစ်နေပြီး ကျိုးကျပါက အောက် ဘက်ရှိ ရွာများမှာ ဟားခါးလေး ကျေးရွာကဲ့သို့ အန္တရာယ်နှင့် ရင် ဆိုင်ရဖွယ်ရှိနေသည်။
ဒေသခံများ၏ အသက်အိုး အိမ်ကို ကြိုတင်ကာကွယ်သည့် အနေဖြင့်     တောင်ကျချောင်း အောက်ဘက်ရှိ မြေပြန့်ဒေသ ကျေးရွာများကို သတိပေးထား သင့်သလိုအနီးဆုံးရှိနေသည့် ကုန်းမြင့်ဒေသများကို ကြိုတင်ရှာ ဖွေထားရန်နှင့် ညဘက်ကင်းချ အိပ်ခြင်းမျိုး စီစဉ်ထားရန်လိုသည် ဟု ဦးမောင်မောင်သန်းက ပြော သည်။ ၎င်းတို့အနေဖြင့်နိုင်ငံတ ကာမှ ပညာရှင်များနှင့်ချိတ်ဆက် ကာ ထိုင်ရာမထခန့်မှန်းပေးနေရ သောကြောင့် မည်မျှအန္တရာယ် ကြီးနေကြေင်း ပြောရန်စောသေး သော်လည်း ထိုနေရာကို ရဟတ် ယာဉ်သုံး၍ ဝေဟင်မှ လေ့လာ သင့်သည်ဟု အစိုးရအား တိုက် တွန်းထားသည်။
ချင်းတိုင်းရင်းသားတို့၏ တန်ဖိုးထားအားကိုးရာဇာတိချက် ကြွေမွေးရပ်မြေချင်းတောင်တန်းကြီးသည် သစ်တောပြုန်းတီးခြင်း နှင့် ရာသီဥတုဖောက်ပြန်ခြင်း ဒဏ်ကို မခံနိုင်သည့်အဆုံး သမိုင်း တစ်လျှောက် အဆိုးရွားဆုံး မြေ ပြိုမှုကို ပြီးခဲ့သည့် ဇူလိုင်ကုန်နှင့် သြဂုတ်လဆန်းက ခံစားခဲ့ရပါ သည်။ ချင်းပြည်နယ် မြို့တော် ဟားခါးတွင် အဆိုးရွားဆုံးခံစား လိုက်ရပြီး အိမ်ခြေရာနှင့်ချီ ပြို ကျပျက်စီးကာ မြို့နေရာကို ရွှေ့ ပြောင်းပေးရတော့မည်အထိ သ ဘာဝဘေးဒဏ်ခံခဲ့ရသည်။ ထို အခြေအနေဆိုးကို ပြန်လည်ထူ ထောင်ရန်ချင်း အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပညာရှင်များ၊ အစိုးရအဖွဲ့တို့ ခေါင်းချင်းဆိုင်အ ဖြေရှာနေစဉ်မှာပင် ဟားခါးလေး ကျေးရွာဖြစ်စဉ် ထပ်မံကြုံတွေ့ခဲ့ ရခြင်းဖြစ်သည်။
ရွာအတွင်း အိမ်ခြေ ၅၉ လုံး ရှိသည့်အနက် အိမ် ၃၀ ကျော် မျောပါသွားခဲ့သည်။ ဒေသခံရွာ သားသုံးရာကျော် နီးစပ်ရာကုန်း မြင့်ပေါ်သို့ အသက်လုပြေးခဲ့ရ သည်။ တောင်ပေါ်မှ ရွှံ့နွံများနှင့် အတူ လူနှစ်ယောက်ဖက်၊ သုံး ယောက်ဖက်စာရှိသည့် သစ်လုံးကြီးများပါ မျောပါလာခဲ့ပြီး ထို သစ်လုံးကြီးများအရှိန်ကြောင့် ရွာ ထဲမှအိမ်များ မျောပါပျက်စီးခဲ့ခြင်း ဟု ဟားခါးလေးရွာသို့ အစောဆုံး ရောက်သွားခဲ့သူများအနက်  ကလေးလွင်ပြင်    ရေဘေးကူညီ ထောက်ပံ့ရေးအဖွဲ့မှ ကိုသန့်ဇင်လင်းကပြောသည်။
‘‘ရုတ်တရက်ကြီး သူတို့ ရင်ဆိုင်လိုက်ရတာ’’ဟု ကိုသန့်ဇင်လင်းက ပြောသည်။
အလားတူမြေ သားတမံများ ချင်းတောင်တန်းပေါ်တွင် ရှိနေ နိုင်သေးပြီး အရေအတွက်ကိုမူ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင် များ၏ အကူအညီဖြင့် အတည်ပြုရန် ကြိုးစားနေသည်ဟု ဦးမောင်မောင်သန်းက ပြောသည်။ ယခုနှစ်ကဲ့သို့ မိုးများသည့် ကာလတွင် မြေသားတမံများ   ကျိုးကျမည့် အန္တရာယ်မှာ ချင်းပြည်နယ်အပြင် ဒေသချင်းထိစပ်နေသည့် ကလေးမြို့အတွက်ပါ သတိထားစောင့်ကြည့်ရန် လိုအပ်နေသည်ဟု ၎င်း က အကြံပြုသည်။
ဟားခါးမြို့လူမှုကယ်ဆယ် ရေးကော်မတီမှ နီကျုံးထန်က လည်း ဟားခါးမြို့အပေါ်ဘက် တွင် မြေသားတမံကဲ့သို့ ရေကန် ကြီးသုံးကန်ရှိနေပြီး မိုးများသော ကြောင့် ကျိုးကျမည်ကို စိုးရိမ် သည်ဟု ပြောသည်။ ဇာရေဘွယ်၊ နောရ်ဆွ(အထီး)နှင့် နောရ်ဆွ (အမ) ဟူ၍ အမည်ပေးထားသည့် ယင်းရေကန်သုံးကန်မှာ စက်တင် ဘာလအတွင်း မိုးအများဆုံးရွာ သွန်းဖွယ်ရှိသောကြောင့် အချိန်မီ ဖောက်ချထားရန် လိုအပ်နေသည် ဟုလည်း အစိုးရအား သတင်း စကားပါးသည်။
အဆိုးရွားဆုံး သဘာဝဘေး ဒဏ်ကို ရင်ဆိုင်ထားရသည့် ချင်း ပြည်နယ်ဒေသခံများအား ပြန် လည်ထူထောင်ရေးအပိုင်းအစိုးရ ဘက်က အရှိန်မြှင့်ပေးစေချင်သ လို ဖြစ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက်လည်း ပြည့်စုံလုံလောက်သော သတင်း အချက်များ ပေးသင့်သည်ဟု ချင်းအရပ်ဘက်အဖွဲ့အစည်းများ က အစိုးရအား တိုက်တွန်းသည်။
‘‘အစိုးရဘက်ကတော့ အချိန်နဲ့တစ်ပြေးညီ ကူညီထောက်ပံ့မှုတွေ ပေးနိုင်ရင်ကောင်းမယ်။ နောက်ဆုံး အဆုံးစွန်ဆုံး ကြက် ခြေနီအင်အားတွေ ပို့ပေးတာမျိုး ပေါ့နော်။ ချင်းပြည်နယ်မှာရှိတဲ့ သူတွေအတွက်ကတော့ စိတ်ချ လိုက်လို့မရသေးဘူးပေါ့’’ဟု ပြည်ထောင်စု အင်စတီကျူ့ဒ်မှ သုတေသီပညာရှင် မိုင်ဧကရီက ပြောသည်။
တောင်ငူတက္ကသိုလ် ဘူမိ ဗေဒဌာန လက်ထောက်ကထိက ဒေါက်တာစိုးမင်းက ချင်းတောင် အခြေအနေနှင့် ပတ်သက်၍ ဘူမိ ဗေဒအချက်အလက်များကို ရှင်း ပြကာ လက်ရှိရာသီဥတု အခြေအ နေအရ ဒေသခံများ၏ အသက် အန္တရာယ်လုံခြုံရေးအတွက် သတိ ထားသင့်သည့် အချိန်ဖြစ်သည် ဟု ပြောသည်။ ချင်းတောင်တန်း မှ ကျောက်အမျိုးအစားမှာ အခြား ဒေသတောင်တန်းများ၏ ကျောက် သားနှင့်မတူဘဲ ကျိုးကြေလွယ် ကာ မိုးသည်းထန်စွာရက်ဆက် ရွာပါက တောင်ပေါ်မှရေကန်များ ၏ ကြံ့ခိုင်မှု စိုးရိမ်ရသည်ဟု ပြောသည်။
‘‘ဘူမိဗေဒသဘောတရားအ  ရ ချင်းရိုးမနဲ့ ရှမ်းရိုးမက တော် တော်ကွာတယ်ဗျ။ ချင်းမှာက လျှိုတွေ၊မြောင်တွေနဲ့၊တောင်တွေ ကလည်း မတ်တယ်။ တွန့်ခေါက် တောင်တန်းဗျ။ အောက်ခံ ကျောက်တွေက ကျိုးကြေလွယ် တယ်။ ကျွတ်ဆတ်တယ်။ ရှမ်းက အဲဒီလိုမရှိဘူး။ ပြိုတော့ပြိုနေတာ ပဲ။ နှစ်တိုင်း လူတွေမသိခဲ့တာ။ အဲဒီလိုပြိုလို့လည်း တောင်ပေါ်မှာ ရေလှောင်ကန်တွေဖြစ်၊ အဲဒီကန် တွေက ကျိုးကျတော့ လူရှိတဲ့ နေရာတွေ ဒုက္ခတွေ့တာပေါ့။ အခုက လူရှိတဲ့နေရာလာပြိုနေ တာ။ ကျွန်တော်တို့ စိုးရိမ်တာက တောင်ကျချောင်းရေတွေပေါ့ ဗျာ။ မမျှော်လင့်ဘဲ ဖြစ်လာနိုင်တဲ့ သဘာဝဘေးဆိုတော့လေ။ မိုး ကောင်းလာပြီဆိုတာနဲ့ တောင် စောင်းနေရာတွေကနေ စိတ်ချရ တဲ့ နေရာတွေကို ယာယီရွှေ့ ပြောင်းနေထိုင်တာမျိုးတွေ လုပ် သင့်တယ်’’ဟု ဒေါက်တာစိုးမင်း ဆိုသည်။
မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်း ကလည်း တောင်ပေါ်မှ Lan-dslide Dam များနှင့် ပတ်သက် ၍ ကြိုတင်ကာကွယ်ရေးအတွက် ယခုကဲ့သို့ အကြံပြုသည်။‘‘ကိုယ့်ဝန်းကျင်မှာရှိတဲ့မြစ် တွေ၊ ချောင်းတွေ ရေစီးနည်းသွား တာ၊ ရေမစီးတော့တာတွေရှိ၊ မရှိ ကို အမြဲစောင့်ကြည့်သင့်တယ်။ ကိုယ်နေတဲ့ မြစ်ညာမှာ ဒါမျိုးဖြစ် နေတာကို သတိထားမိတာနဲ့ ရောက်အောင်သွားပြီး ရေပြန်စီး အောင်ဖြည်းဖြည်းချင်းဖောက်ချ ရပါမယ်။ ရေပုံမှန်စီးသွားရင် အန္တရာယ်နည်းသွားပါပြီ’’ဟု ဆို သည်။
ကုလသမဂ္ဂအဖွဲ့ခွဲတစ်ခု ဖြစ်သော MIMU(Myanmar Information Management Unit) ၀က်ဘ်ဆိုက်တွင် ချင်း တောင်တန်းနှင့်ပတ်သက်၍ မြေပုံများတင်ပေးနေပြီး လေ့လာ စောင့်ကြည့်ရန် ဦးစိုးသူရထွန်းက အကြံပေးသည်။
လက်ရှိရာသီဥတုအခြေအနေအရ ဘင်္ဂလားပင်လယ်အော် မှာ အားကောင်းသော တိမ်ထု တစ်ခု မြန်မာနိုင်ငံဘက်ရွေ့လာ ပါက ချင်းပြည်နယ်တွင် နေရာ ကွက်မိုးကြီးမည့် အခြေအနေရှိ နေသည်ဟု မိုးလေ၀သနှင့် ဇလ ဗေဒဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက သတိပေးထား သောကြောင့် Landslide Dam များ ရင်ခွင်ပိုက်ထားသည့် ချင်း တောင်သည် သတိထားစောင့် ကြည့်ရမည့် အခြေအနေဖြစ်နေ သည်။ စက်တင်ဘာသည် မြန်မာ နိုင်ငံ၌ ပုံမှန်မိုကောင်းသည့် ကာ လဖြစ်သလို အနောက်တောင် မုတ်သုံလေလည်း စတင်ဆုတ်ခွာ မည့်အခြေအနေကြောင့် နေရာ ကွက်မိုးကြီးမည့် ဖြစ်စဉ်များက တောင်တန်းဒေသများ မြေပြိုမှု အန္တရာယ်နှစ်စဉ် ရင်ဆိုင်ရလေ့ရှိ သည့် ကာလဖြစ်သည်။
ချင်းတိုင်းရင်းသားအရပ် ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အေးချမ်းမြန်မာဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဆလိုင်း အိုက်ဇက်ခင်က မိုးကာလမကုန်မီ စောင့်ကြည့်သတိပေးနေရမည့် ချင်းတောင်တန်းအခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့မှတ်ချက် ပေးသည်။
‘‘လူထုမှာ သိပိုင်ခွင့်ရှိတယ်။ အမှန်ကို သိပိုင်ခွင့်ရှိတယ်။ အစိုး ရအနေနဲ့ အကုန်လုံးဖြေနိုင်ချင်မှ ဖြေနိုင်မယ်။ ဒါပေမဲ့ ပညာရှင် တွေကို ဘက်စုံလေ့လာမှုလုပ်ခိုင်း ပြီး ကိုင်တွယ်ဖို့လိုတယ်’’ဟု ဆို သည်။

0 comments:

Post a Comment