Wednesday, September 2, 2015

မန္တလေးမြို့တွင်း မှုခင်းဖြစ်ပွားမှု လျော့ကျစေရန် စီစီတီဗီကင်မရာများ တပ်ဆင်မည်


မန္တလေးခရိုင်ရှိ မြို့နယ်များတွင် လုံခြုံရေး၊ မှုခင်းဖြစ်ပွားမှုလျှော့ချနိုင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်မှုတို့ကို အရေးယူဆောင်ရွက်နိုင်ရေ စီစီတီဗီကင်မရာအလုံး ၄၀ ခန့်ကို စက်တင်ဘာလလယ်၌ စတင်တပ်ဆင်မည်ဟု သတင်းရရှိသည်။

မန္တလေးကျုံးပတ်လည်နှင့် အဓိကလမ်းမကြီးများတွင် စီစီတီ ဗီကင်မရာ ၄၀ ခန့်တပ်ဆင်၍ မန္တ လေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးရှိ Police Command Centre (ရဲတပ်ဖွဲ့ထိန်းချုပ်ရေးဌာန)က ထိန်းချုပ်၍ ပြစ်မှုကျူးလွန်သူများ ကို အရေးယူမည် ဖြစ်သည်။
‘‘ကင်မရာတွေတပ်ဆင်ဖို့ အတွက် တရုတ်ကနေ ပညာရှင် နှစ်ယောက်ရောက်လာတယ်။ တပ်ဆင်မယ့်နေရာတွေနဲ့ ဆောင် ရွက်မယ့်အခြေအနေကိုတော့ အ ကြိုညှိနှိုင်းအစည်းအဝေးပြုလုပ် ပြီးမှ သိရမယ်။ စက်တင်ဘာလ လယ်လောက်မှာ တရုတ်ကနေ ခြောက်ယောက်လောက် ထပ် ရောက်လာဖို့ရှိတယ်။ သူတို့ ရောက်တာနဲ့ တပ်ဆင်တာတွေ စတင်မှာပါ’’ဟု မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆိုပါကင်မရာ အလုံး ၄၀ တွင် လုံခြုံရေးကင်မရာ၊ မှုခင်း ဖြစ်ပွားမှုထိန်းသိမ်းရေးကင်မရာ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပျက်ကွက်မှုကင်မရာဟူ၍ သုံးမျိုး တပ်ဆင်မည်ဖြစ်ရာ ပထမဆုံးအနေဖြင့် ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ အောင်မြေသာစံနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် တပ်ဆင်မည် ဖြစ်သည်။
မန္တလေးမြို့ပေါ်တွင် ဆိုင် ကယ်ခိုးမှုများ၊ အိမ်တွင်းဝင် ရောက်ခိုးယူမှုများ ဆက်တိုက်ဖြစ် ပွားနေပြီး ဆိုင်ကယ်ဖြင့် ပစ္စည်း လုယက်မှုများ၌ လူသေဆုံးသည် အထိဖြစ်ပွားမှုကြောင့် မှုခင်းအဖြစ်များဆုံးနေရာများတွင် ထောင် ချောက်ဆင်ဖမ်းဆီးမှုများ ပြုလုပ်နေသည်။
မန္တလေးမြို့တွင် ယခုနှစ် ဇန်န၀ါရီမှ သြဂုတ် ၁၉ ရက်အထိ လု ယက်မှုပေါင်း ၅၀ ဖြစ်ပွားခဲ့ပြီး ၂၅ မှုသာ ဖော်ထုတ်နိုင်ခဲ့သည်။

Credit To >>> 7Day News

0 comments:

Post a Comment