Wednesday, July 22, 2015

ရေဘေးသင့်ပြည်သူများအတွက် သမ္မတ၏သီးသန့်ရန်ပုံငွေသုံးစွဲရန် ပြည်ထောင်စု လွှတ်တော်နာယကတိုက်တွန်း

စစ်ကိုင်းတိုင်းဒေသကြီး ရှိ  ရေဘေးသင့်ဒုက္ခသည်များ အတွက်  သမ္မတ၏ သီးသန့် ရန်ပုံငွေကျပ် ၁၀၀  ဘီလီယံထဲမှ ထိရောက်စွာ အသုံးချရန် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တိုက်တွန်းကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော် ပြသည်။

ထို့အပြင် ရေဘေးသင့်ပြည် သူများအား သွားရောက်ကြည့်ရှု အားပေးကူညီသည့်  သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့လုပ်ရပ် သည် ကောင်းမွန်သော  လုပ်ရပ် ဖြစ်ပြီး တပ်မတော်သားများ၊ ရဲ တပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ ၀င်များ၊  အခြားအဖွဲ့အစည်းများ နှင့် တာဝန်သိပြည်သူများ၏ သက်စွန့်ကြိုးပမ်းကာ ရေဘေးကယ် ဆယ်မှုများကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါသည်ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော် ပြထားသည်။
လက်ရှိစစ်ကိုင်းတိုင်း ရေကြီးမှုတွင်  ၀န်ကြီးဌာနများအလိုက်ကူညီမှုများရှိကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးက ၀န်ကြီးဌာနသီးသန့်ရန်ပုံငွေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

‘‘သမ္မတကတော့ သူ့ရန်ပုံ ငွေထဲကနေ ပျက်စီးသွားတဲ့ လမ်း တွေ၊ တံတားတွေနဲ့ စိုက်ပျိုးရေး အတွက် ပြုပြင်ဖို့ ပျက်စီးသွားတဲ့ အလျောက် လုပ်ပေးမယ်လို့ ပြော ပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
လက်ရှိစစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့အပါအ၀င် အခြားလှူဒါန်းမှုများရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
သမ္မတ၏ သီးသန့်ရန်ပုံငွေ ဆိုသည်မှာ ပြည်ထောင်စုလွှတ် တော်တွင် သဘာဝဘေးအန္တ ရာယ်အတွက် သီးသန့်ဖယ်ထား သည့် ရန်ပုံငွေဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ရှိ ကသာ၊ ထီးချိုင့်၊ ကောလင်း၊ အင်းတော်၊ ၀န်းသို၊ ပင်လည်ဘူး၊မင်းကင်း၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး၊ ဘုတလင်စသည့်မြို့နယ်  ၁၃ ခု၏ ကျေးရွာအုပ်စု ၁၄၂ ခုတွင် ဇူလိုင်တတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်ရေလွှမ်းခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ လူပေါင်း ၁၃,၀၀၀ ကျော် ရေဘေး သင့်ခဲ့ရကာ နွေစပါးစိုက်ဧက ၂,၄၀၀ ကျော်၊ မိုးစပါးဧက ၃၆,၀၀၀ ကျော်၊ မိုးစပါးပျိုးခင်း ဧက ၃,၁၀၀ ကျော်ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ရေကြီးရေလျှံမှု ကြောင့် လေးရက်အတွင်း သေ ဆုံးသူ ကိုးဦးရှိခဲ့ကြောင်း သတင်း ရရှိသည်။
သမ္မတနှင့် ကာကွယ်ရေးဦး စီးချုပ်တို့ ဦးဆောင်သောအဖွဲ့ သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသအချို့တွင် ရေကြီးနစ်မြုပ်မှု များ ဖြစ်ပွားသည့် လေးရက် မြောက်နေ့ ဇွန်လ ၂၀ ရက်ကထိုဒေသသို့ သွားရောက်ပြီး ဒေသခံများအား ကူညီအားပေးခဲ့သည်။
Credit to >>>7 Day Daily

0 comments:

Post a Comment