ပဲခူးတိုင်းဒေသကြီး
ရေတာ ရှည်မြို့နယ်၌ ယခုရက်ပိုင်း အဆက်မပြတ် မိုးသည်း ထန်စွာ
ရွာသွန်းခဲ့သည့်အတွက် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှစ ၍ကျေးရွာအချို့ နှင့်
မိုးစပါးစိုက်ပျိုးပြီး လယ်ယာ မြေများ၌ ရေဝင်နစ်မြုပ်ခဲ့ သည်ကို
တွေ့ရှိရသည်။
တောင်ကျရေ၊
ချောင်းငယ်၊ မြောင်းငယ်များရေလျှံကာ ရေတာ ရှည်မြို့မြောက် ဘက်ရှိ ညောင်ပင်
ကိုင်းကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာများအတွင်း ရေများဝင် ရောက်ကာ
ညောင်ပင်သာကျေးရွာ-ရေတာရှည်
ဒေသအနှံ့အပြားတွင် ရေလွှမ်း ခြင်းကြောင့် ဝါးတောကြီးကျေးရွာ အုပ်စု၊
ပိတောက်ခင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စု၊ အင်
ဒိုင်းကျေးရွာအုပ်စု၊ ဘိုးတော်ကုန်း ကျေးရွာအုပ်စု၊ အင်းဒိုင်းကျေးရွာ
အုပ်စု၊ ဆင်ဂွေကျေးရွာအုပ်စု၊ ဒိုးတန်း ကျေးရွာအုပ်စုများရှိ
မိုးစပါးစိုက်ခင်း များ ရေဝင်နစ်မြုပ်လျက်ရှိသည်။မိ
''သဘာဝဘေးအန္တရာယ်ဆိုတာ ကျွန်တော်တို့ ရှောင်လွှဲလို့မှ မရတာ၊ ဒါပေမယ့်
စပါးစိုက်ပျိုးတဲ့တောင်သူ တွေအနေနဲ့ မျိုးစပါးတွေ ထပ်ဝယ် ရမယ်၊ ပိုး
သတ်ဆေးတွေ ဝယ်ရမှာ ရယ်၊ အလုပ်သမားတွေ ထပ်ပြီးငှား ရရင် သွင်းအားစု
ငွေကြေးကုန်ကျ စရိတ် တိုးလာမှာကိုတော့ စိတ်ပူပါ တယ်''ဟု
ညောင်ပင်သာကျေးရွာနေ ဒေသခံတောင်သူတစ်ဦးက ပြော သည်။
Credit to >>>Myawaddy
Tuesday, July 21, 2015
ရေတာရှည်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာအချို့နှင့် လယ်ယာမြေများ ရေ၀င်နစ်မြုပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment