၂၀၁၅ အတွက် မြန်မာ့ စီးပွားရေးကဏ္ဍတွင် ပုဂ္ဂလိက ကု မ္ပဏီများ၏ ပွင့်လင်းမြင်သာမှုစာ ရင်း၌ ထိပ်သီးစီးပွားရေး လုပ်ငန်း ရှင် ဦးသိမ်းဝေ(ခ) ဆာ့ခ်ျပန်းပိုင် ဆိုင်သည့် Serge Pum and Associates ကုမ္ပဏီသည် ထိပ်ဆုံးက ဦးဆောင်နေကြောင်း မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူ မှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ပွင့်သစ်ဝေ အစီရင်ခံ စာတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်က ပထမနေ ရာတွင် ရပ်တည်ခဲ့သည့် ကမ္ဘောဇ ကုမ္ပဏီသည် အဆင့်သုံးနေရာသို့ ရောက်ရှိသွားပြီး ယခင်အဆင့် (၃)နေရာမှ မက်စ်မြန်မာကုမ္ပဏီ မှာ အဆင့်(၂)နေရာသို့ ရောက်ရှိ ခဲ့ကြောင်း အဆိုပါအစီရင်ခံစာ ၌ဖော်ပြထားသည်။
ပွင့်သစ်စအစီရင်ခံစာကို ယူ ကေနှင့် ဒိန်းမတ်အခြေစိုက် လူ့ အခွင့်အရေးနှင့် စီးပွားရေးလုပ် ငန်းအဖွဲ့တို့ ပူးပေါင်းထားသည့် (MCRB) က ၎င်းတို့ကောက်ယူရရှိ သည့် သုတေသနစစ်တမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါ အစီရင်ခံစာကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပြည် တွင်းအခွန်များဦးစီးဌာနက ထုတ် ပြန်သည့် အခွန်ပေးဆောင်ထား သူများစာရင်းမှ ကုမ္ပဏီ ၁၀၀ ကျော်၏ ၀က်ဘ်ဆိုက်၌ ဖော်ပြ ထားခြင်းကို အချက်အလက်ယူ၍ ကောက်ခံထားခြင်းသာဖြစ်ပြီး ကွင်းဆင်း သုတေသနပြုလုပ် ထားခြင်းမဟုတ်ကြောင်း MCRB မှ ဗစ်ကီဘိုးမန်းကပြောသည်။
အဆင့် ၁ နေရာတွင် ရပ် တည်နေသည့် Serge Pum and Associates ကုမ္ပဏီဝက်ဘ်ဆိုက် တွင် အစိုးရနှင့်ချုပ်ဆိုလုပ်ကိုင်နေ သည့် စီမံကိန်းများ၊ ဒါရိုက်တာအ ဖွဲ့ဝင်များ၏ ရင်းနှီးမြှုပ်နှံထား သည့် ပမာဏများနှင့် ကုမ္ပဏီ လုပ်ဆောင်နေသည့် သတင်းအ ချက်အလက်များကို ဖော်ပြထား သည်။
Serge Pum and Asso-ciates ကုမ္ပဏီသည် ပြည်တွင်း၌ ကြယ်စင်အိမ်ရာစီမံကိန်း၊ FMI စင်တာ၊ ကမ္ဘာကျော် KFC ကြက်ကြော်ရောင်းချခွင့်ကိုယ်စားလှယ်၊မောင်တော်ယာဉ်တင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ ကျန်းမာ ရေးနှင့်ဆက်စပ်လုပ်ငန်းများ၊ ငွေ ကြေးနှင့်ဘဏ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။
‘‘ကုမ္ပဏီတွေထဲမှာ ထူးခြား တာက ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတော်တော်များများကပွင့် လင်းမြင်သာမှုမရှိဆုံးဘဲ။တူးဖော် ရေးလုပ်ကွက် ဘယ်နှခုရှိသလဲ၊ ဘယ်နှစ်က လိုင်စင်ရတာလဲ၊ အ ခွန်ဘယ်လောက်ဆောင်ထားသ လဲဆိုတဲ့ အချက်တွေမပါလာဘဲ အားအနည်းဆုံးဖြစ်နေတယ်’’ဟု MCRB မှ ဗစ်ကီဘိုးမန်းကပြော သည်။
ထို့အပြင် ကုမ္ပဏီ ၁၀၀ ကို အခြေပြု၍ လေ့လာခဲ့ရာတွင် ကု မ္ပဏီ(၃၉)ခုတို့သည် ၀က်ဘ်ဆိုက်ပင်မရှိကြောင်း လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။
အစီရင်ခံစာ၏ ပွင့်လင်းမြင် သာမှုမှာ စာရင်းထိပ်ဆုံးတွင် ရပ် တည်ခဲ့သည့် ကုမ္ပဏီအများစုမှာ ဘဏ္ဍာရေးအချက်အလက်များ ထုတ်ပြန်ခြင်း၊ သဘာဝပတ်ဝန်း ကျင်နှင့် လူနေမှုဘ၀သက်ရောက် မှုလေ့လာဆန်းစစ်မှုများ ထုတ် ပြန်ခြင်းအစရှိသည့် နယ်ပယ်များ တွင် အားကောင်းသဖြင့် ထိပ်ဆုံး တွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းအစီရင်ခံစာတွင်အစိုးရ ထံမှ စီမံကိန်းကြီးများ မကြာခဏ လုပ်ကိုင်ခွင့်ရရှိနေသည့် ထိပ်သီး စီးပွားရေးကုမ္ပဏီများဖြစ်သည့် ထူးကုမ္ပဏီမှာ အဆင့် (၄၁)၊ ရွှေ တောင်ကုမ္ပဏီ အဆင့် (၇)၊ ဒိုင်း မွန်းစတားကုမ္ပဏီ အဆင့် (၁၆)၊ အိုင်ဘီတီစီကုမ္ပဏီ အဆင့်(၄၅) နှင့် အိုင်ဂျီအီးကုမ္ပဏီအဆင့်(၅၄) နေရာတို့တွင် ရပ်တည်လျက်ရှိ သည်။
‘‘မြန်မာကုမ္ပဏီတော်တော် များများက အစိုးရနဲ့နီးစပ်ရင်ပြီး ရော။ ပြည်သူတွေ သိတာ၊ မသိ တာဂရုမစိုက်တော့ အခုလိုနိုင်ငံ တကာစံနဲ့တိုင်းတာရင် ဘယ်လို အချက်အလက်မှ ထွက်လာမှာမ ဟုတ်ဘူး’’ဟု စီးပွားရေးပညာရှင် ဦလှမောင်က ယခုအစီရင်ခံစာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးသည်။
ပြည်ပမှလာရောက်သည့် ကုမ္ပဏီအများစုတွင် အကြံပေး များ၊ အတိုင်ပင်ခံများ ပိုမိုပါဝင် လာပြီး ပွင့်လင်းမြင်သာမှုအပိုင်း ၌ မြန်မာကုမ္ပဏီများထက်သာ လွန်သဖြင့် မြန်မာကုမ္ပဏီအချင်း ချင်း တိုင်းတာခြင်းထက် လက်ရှိ ပြည်တွင်းတွင် လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများနှင့် နှိုင်းယှဉ်သင့်ကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက၎င်း ၏အမြင်ကိုပြောသည်။
ပွင့်သစ်စအစီရင်ခံစာကို ၂၀၁၄ ဇူလိုင်ကပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ကာ တစ်နှစ်လျှင်တစ်ကြိမ် အစီရင်ခံ စာထုတ်ဝေခြင်းကို ပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟုဆိုသည်။
Credit to >>> 7Day News
Tuesday, July 21, 2015
မြန်မာကုမ္ပဏီများ ၂၀၁၅ ပွင့်လင်းမြင်သာမှု စာရင်းတွင် ဦးသိမ်းဝေ(ခ)ဆာ့ခ်ျပန်း၏ ကုမ္ပဏီဦးဆောင်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment