အမေရိကန် အဆိုတော် ဆယ်လီနာဂိုမက်ဇ် သည် သြဂုတ်၁၀ရက်တွင် လော့စ်အန်ဂျလိစ်မြို့၌ ကျင်းပပြု လုပ်သော
Teen Choice Awards ဆုပေးပွဲ၌ Ultimate Choice Awards ဆုကို လက်ခံရယူစဉ် မျက်ရည်ဝိုင်းခဲ့ပြီး ယင်းဆုရရှိမှု
အတွက် မိခင်ဖြစ်သူကို အထူး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆယ်လီနာဂိုမက်ဇ်သည် ၂၀၁၄ Teen Choice Awards ဆုပေးပွဲ၏ ထိပ်တန်းဆုဖြစ်သော Ultimate Choice Award
ဆုကိုလက်ခံရယူခဲ့ပြီးနောက် ပရိသတ်များကို ကျေးဇူးတင်စကား ပြော ကြား၍ မိခင်ဖြစ်သူကိုလည်း အထူးကျေးဇူးတင်ကြောင်း
ပြောကြားခဲ့သည်။
အနုပညာလောကသို့ အံ့မခန်းကူညီထောက်ပံ့မှုများကို ဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်သော Ultimate Choice Award ဆုကို
ရရှိခဲ့သည့် ဆယ်လီနာဂိုမက်ဇ် က ‘‘ကျွန်မပြောချင်တာ တစ်ခုရှိပါ တယ်။ အဲဒါက အမေ့ကို အရမ်းကျေးဇူးတင်တယ်ဆိုတာပါပဲ။
အမေက ကမ္ဘာပေါ်မှာရှိတဲ့ အကြီးမြတ်ဆုံးလူသားပါ။ အရမ်းကို ကြံ့ခိုင်တယ်။ ကျွန်မအတွက် သူ့ဘ၀ကိုစွန့်လွှတ်တယ်။ သူက
အရမ်းကို နှစ်သက်ဖို့ကောင်းပါ တယ်။ ဒီမှာရှိတဲ့ လူတွေအားလုံး ကိုယ့်အမေကို ချစ်ကြပါတယ်။ အမေ့အတွက် ပေးဆပ်ကြပါ။
အမေက မယုံနိုင်လောက်အောင် ထူးခြားတဲ့သူပါ။ ဒီဆုဟာ ကျွန်မ နဲ့မဆိုင်ပါဘူး။ အမေနဲ့ပဲဆိုင်ပါ တယ်’’ ဟု ပြောကြားခဲ့သည်။
ဆယ်လီနာဂိုမက်ဇ်သည် Ultimate Choice Award ဆုကို ရရှိသော အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း သိရသည်။
ယင်းဆုကို ယခင်နှစ်များက ဘရစ်တနေစပီးယား၊ ဂျက်စတင် တင်းဘာလိတ်နှင့် တေလာဆွစ်ဖ် တို့လည်း ရရှိခဲ့သည်။
—Ref: Hollywood Buzz

0 comments:
Post a Comment