တီဗီများကို ထုတ်လုပ်သဖြင့် နာမည်ကြီးသော Sharp က အမေရိကန်တွင် စမတ်ဖုန်းများကို ပြသလိုက်ပါသည်။ Sharp သည် ဂျပန်တွင် စမတ်ဖုန်းများကို ရောင်းချပေးလျှက်ရှိသည်မှာ ကြာပြီ ဖြစ်သော်လည်း အမေရိကန်တွင်မူ စမတ်ဖုန်းများကို ရောင်းချသည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်ဟု သိရပါသည်။
Sharp က Aquos Crystal ကို အမေရိကန်နှင့် Aquos Crystal X ကို ဂျပန်တွင် ရောင်းချပေးမည် ဖြစ်သည်။ အမေရိကန်တွင် Sprint မှ ၀ယ်ယူနိုင်သကဲ့သို့ သူ၏ ကြိုတင် ငွေပေးချေမှု ၀န်ဆောင်မှု ဖြစ်သော Boost Mobile , Virgin Mobile တို့မှ ၀ယ်ယူနိုင်ပါသည်။
Sharp နှင့် Sprint ၏ ပိုင်ရှင် အသစ်ဖြစ်သူ SoftBank တို့က နယူးယောက်တွင် မီဒီယာ တွေ့ဆုံပွဲ မတိုင်မီ စမတ်ဖုန်းများကို ကြေညာလိုက်ခြင်း ဖြစ်ပါသည်။ မိတ်ဆက်ပွဲတွင် “take the edge off” ဟူသော စာသားကို ရေးဆွဲထားသဖြင့် ဘေးဘောင်များမပါရှိသော သူတို့၏ စမတ်ဖုန်းများကို ရည်ညွှန်းခြင်း ဖြစ်နိုင်ပါသည်။
Aquos Crystal တွင် ငါးလက်မ HD Display တပ်ဆင်ထားပြီး Android 4.4.2 KitKat ကို လည်ပတ်မောင်းနှင်မည် ဖြစ်သည်။ 1.2GHz Quad-Core Qualcomm Snapdragon Processor , 1.5GB RAM, 8GB Internal Storage နှင့် 128GB အထိဝင်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 8 MP Camera နှင့် အရှေ့ဘက်တွင် 1.2 MP Camera တပ်ဆင်ထားပါသည်။
Aquos Crystal ကို အဖြူနှင့် အနက် နှစ်မျိုး ရွေးချယ်နိုင်ပြီး Virgin Mobile USA နှင့် Boost Mobile တို့မှ ဒေါ်လာ ၁၉၉ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ Harmans’ Clari-Fi Technology ပါရှိသဖြင့် အသံအရည်အသွေး ကောင်းမွန်သည်ဟု သိရပါသည်။
Sharp က Aquos Crystal X စမတ်ဖုန်းကိုလည်း ကြေညာလိုက်ပြီး ယခုအချိန်တွင် ဂျပန်တွင်သာ ရောင်းချမည် ဖြစ်သည်။ ၅.၅ လက်မ Display, 2.3GHz Snapdragon 801 Processor , 2GB RAM, 32GB Storage တို့ တပ်ဆင်ထားပါသည်။
Myanmar Digital Life Journal

0 comments:
Post a Comment