Thursday, June 12, 2014

ဒလဆိပ်ခံတံတားသစ်နှစ်စင်း အောက်တိုဘာ အပြီးတည်ဆောက်မည်


အသစ်ဆောက်လုပ်နေသည့် ဒလဆိပ်ကမ်းဆိပ်ခံတံတားနှစ်စင်းကို ယခုနှစ်အောက်တိုဘာလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်။ဂျပန်နိုင်ငံ JICA မှ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ပန်းဆိုးတန်း-ဒလ ခရီးစဉ်တွင် အသုံးပြုရန်အတွက် ချယ်ရီအမည်ရှိ သင်္ဘောသုံးစင်းမှာ ယခုနှစ် နိုဝင်ဘာ လအတွင်း ရောက် ရှိ မည်ဖြစ်သောကြောင့် ၎င်းသင်္ဘောသစ်များနှင့်လိုက်လျောညီထွေမှုရှိစေရန် အဆိုပါ ဒလဆိပ်ကမ်း ဆိပ်ခံတံတားကို တည်ဆောက် ခြင်းဖြစ် သည်ဟု ပြည် တွင်းေ ရကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းဆိပ်ခံနှင့်အတူ ရေဆင်းတံတား၊ ရေဘောင်၊ ခရီးသည်နားနေဆောင်တို့ကိုပါ ပူးတွဲတည်ဆောက်ရန်အတွက် ယခုနှစ်မတ်လအတွင်းက စီမံကိန်းစတင် အကောင် အ ထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံမှရရှိမည့် သင်္ဘောသုံးစင်းမှာ ဟီရိုရှီးမားမြို့၊ နာကာတာနီသင်္ဘောကျင်းတွင် တည်ဆောက်ပြီးစီးပြီဟု သိရသည်။လက်ရှိတွင် ပန်း ဆိုးတန်း-ဒလခရီး စဉ်အား အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ ထီးလှိုင်ရှင် သင်္ဘောလေး စင်းဖြင့် နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ တစ်ရက်လျှင် ခရီးသည်ဦးရေမှာ သုံးသောင်းခန့်ရှိသည်ဟု သိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment