Thursday, August 21, 2014

မြေနီကုန်းခုံးကျော်တံတား တည်ဆောက်သည့် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားမည်

မြေနီကုန်းခုံးကျော်တံတား ဆောက်လုပ်ရန် ပဏာမမြေစမ်းသပ်မှုများ ပြုလုပ်နေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် 

မြေနီကုန်းခုံးကျော်တံတား တည်ဆောက်နေသည့်ကာလအတွင်း ပြည်လမ်းပေါ်တွင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်း အချို့အား အခြားလမ်းကြောင်းမှ ပြောင်းလဲပြေးဆွဲစေမည်ဖြစ်ပြီး ယင်းကာ လအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခန့်မှန်းထားသည်။

မြေနီကုန်းခုံးကျော်တံတားအား ပြည်လမ်းပေါ်တွင် ဆောက်မည်ဖြစ်ပြီး လက်ရှိမြေစမ်းသပ်မှု Soil test လုပ်ငန်းများပြုလုပ်နေကာ မကြာမီတံတား တည်ဆောက်ရေး လုပ်ငန်းများ စတင်တော့မည်ဟု သိရသည်။ လက်ရှိ Soil test လုပ်နေသည့် ကာလတွင် တံတားစီမံကိန်းရှိသည့် ပြည်လမ်းမှ ခရီးသည်တင်ယာဉ်လိုင်း များအား ဖြတ်သန်းခွင့်ပြုထားသော်လည်း တံတားဆောက်လုပ်ရန် အကာအရံများ စတင်ပြုလုပ်ချိန်မှစ၍ (မ.ထ.သ ဗဟို) အောက်ရှိ ပြည်လမ်းအတိုင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများအား ပြည်လမ်းကိုရှောင် ကွင်း၍ ကျွန်းတောလမ်း၊ ဗဟိုလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းစသည့် လမ်းများမှ ရှောင်ကွင်းသွားလာ စေ မည်ဖြစ်ကြောင်း (မ.ထ.သဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လောလောဆယ်တော့ ခရီးသည်တင်ယာဉ်လိုင်းတွေ လမ်းကြောင်း မပြောင်းသေးပါဘူး။ ခုံးကျော်တံတား လုပ်ခွင့်အတွက် အကာအရံတွေလုပ်ပြီးပြီဆိုတာနဲ့ ကားသွားဖို့ အခက်အခဲဖြစ်တော့မှာကြောင့် လမ်းကြောင်းကို ရှောင်ကွင်းသွားလာစေမှာ ဖြစ်ပါတယ်။ ဥပမာ- ပြည်လမ်းအတိုင်း ဟံသာဝတီအဝိုင်းကို လာမယ့်ကားတွေက အချို့ကျွန်းတောလမ်းကိုဖြတ်ပြီး ဗားကရာလမ်းကနေ ရှောင်သွားမယ်။ ဗားက ရာလမ်းကိုတော့ ဖွင့်ထားပေးမယ်လို့သိရတယ်။ တာမွေသွားတဲ့ကားတွေ အားလုံးကတော့ ဗားကရာ လမ်း အတိုင်းရှောင်ကွင်းပြီး မူလလမ်းကြောင်းအတိုင်း ဆက်လက်ပြေးဆွဲစေမယ့်ပုံစံပါ” ဟု မ.ထ.သ ဗဟိုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ခုံးကျော်တံတား တည်ဆောက်ရေးအား အပိုင်းနှစ်ပိုင်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယင်းအ ချိန်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

“အခုလည်း လုပ်ငန်းခွင်မစသေးပေမယ့် ကားတွေပိတ်နေတာပဲ။ လုပ်ငန်းခွင်စတဲ့ အခါမှာလည်း မြေပြင် အပိုင်းနဲ့ အပေါ်ပိုင်းဆိုပြီး နှစ်ပိုင်းလုပ်ရမှာ။ မြေပြင် Foundation လုပ်တဲ့ သုံးလေးလအတွင်းမှာတော့ ကား ပိတ်တာကို သည်းခံရမှာပါ” ဟု ၎င်းကဆိုသည်။

မြေနီကုန်းခုံးကျော်တံတားသည် အ ရှည် ၂၁၃၂ ဒသမ ၆၅ ပေ၊ အကျယ် ၄၇ ဒသမ ၆ ပေရှိမည်ဖြစ် ပြီး မြေနီကုန်းခုံးကျော်တံတား တာဝန်ယူတည်ဆောက်ခွင့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါခေါ်ယူခဲ့ရာကုမ္ပဏီ ၁၁ ခု တင်ဒါတင်သွင်းခဲ့ပြီး ယင်းတို့အနက်မှ နာမည်ကြီး ကုမ္ပဏီများဖြစ်သော ထူးကုမ္ပဏီ၊ Capital Development ကုမ္ပဏီအပါအဝင် ကုမ္ပဏီငါးခုအား ဆန်ခါတင်အဆင့် ရွေးချယ် ခဲ့ကြောင်းနှင့် ၎င်းတို့အနက်မှ ယခင်ရွှေဂုံတိုင် ခုံးကျော်တံတားကို ဆောက်လုပ်ခဲ့သည့် Capital Development ကုမ္ပဏီကပင် ဆောက်လုပ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

မြေနီကုန်းခုံးကျော်တံတားတည်ဆောက်ရေးလုပ်ငန်းကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းအနေဖြင့်အကောင်အထည်ဖော်မည်ဖြစ်ပြီး ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလျံသုံးစွဲ ရန်လျာထားကြောင်း၊ တံတားတည်ဆောက် မည့်အစီအစဉ်ကြာမြင့်ချိန်များနှင့်ပတ်သက်၍ တံတားအားတည်ဆောက်မည့် Capital Development ကုမ္ပဏီ၏ တံတားစီမံကိန်း ဒါရိုက်တာအား ဆက် သွယ်မေးမြန်းခဲ့သော်လည်း လတ်တလောထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်းနှင့် တံတားနှင့်ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို ပြုလုပ်သွားရန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Lwin Pyin

0 comments:

Post a Comment