Thursday, August 21, 2014

Galaxy Tab 4 Nook ကို Samsung နှင့် Barnes & Noble မိတ်ဆက်ကြေညာ

E-reader တစ်ခုအပြင် Android tablet တစ်ခုအနေဖြင့်ပါ အသုံးပြုနိုင်မည့် Galaxy Tab 4 Nook ကို Samsung နှင့် Barnes & Noble တို့က ပူးတွဲ မိတ်ဆက်ကြေညာခဲ့သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုသည် Amazon ၏ tablet နှင့် e-reader အဖြစ် အသုံးပြုနိုင်သည့် Kindle Fire tablet များဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

Galaxy Tab 4 Nook ဒီဇိုင်းကို Samsung က Galaxy Tab 4 ဒီဇိုင်းကို အဓိက အခြေခံကာ ပြုလုပ်ထားသည်။ စာအုပ်များနှင့် အခြားသော အရာများကို Nook store မှ download ပြုလုပ်နိုင်မည် ဖြစ်သည်။

၎င်းတွင် ၇ လက်မ 1280x800 screen, 1.2GHz quad-core Snapdragon processor နှင့် Android 4.4 KitKat တို့ကို အသုံးပြုထားသည်။ ဝယ်ယူလိုသူများ အနေဖြင့် Barnes & Nobel လက်လီအရောင်းဆိုင်များ၌ အမေရိကန်ဒေါ်လာ ၁၇၉ ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

Ref: TheNextWeb

0 comments:

Post a Comment