Samsung ဟာ သူရဲ့ ဖုန်းမော်ဒယ်အသစ်တစ်မျိုးကို မထုတ်လုပ်နိုင်ခင် ကြိုတင်ပြီး လျှိုက်ဝှက်သတင်းများ ပေါက်ကြာမှုများ ဖြစ်ပေါ်လေ့ရှိပြီး ယခုအခါမှာလဲ နာမည်သစ်တစ်မျိုးပေးထားသည့် Galaxy Alpha အမည်ပေးထားသည့် မိုဘိုင်းဖုန်း၏ ဓာတ်ပုံများနှင့် ဖုန်းအတွင်း ပါဝင်မည့် အချက်အလက်များ ပေါက်ကြားခဲ့ပါတယ်။
The Inquirer ရဲ့ သတင်းတစ်ပုဒ်မှာတော့ အဆိုပါ စမက်ဖုန်းအသစ်ကို ကြိုတင်အော်ဒါပင် လက်ခံနေပြီဖြစ်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ အင်္ဂလန်မှာနေတယ်ဆိုရင် အဲဒီဖုန်းကို ကြိုတင်အော်ဒါအနေနဲ့ ဒေါ်လာ 923 (ပေါင် 549) ဖြင့် မှာယူနိုင်မယ်လို့ ဆိုပါတယ်။ အင်္ဂလန်မှာရှိတဲ့ စမက်ဖုန်း လက်ရှိအရောင်းဆိုင်တစ်ခုဖြစ်တဲ့ Mobile Fun ၀က်ဘ်ဆိုက်မှာ ရေးထားတဲ့သတင်းအရတော့ အဲဒီဖုန်းဟာ 32 GB မှတ်သားနိုင်စွမ်းပါရှိမယ်လို့ ဆိုပါတယ်။
ဖြန့်ချိမယ့်နေရက်ကိုတော့ အတိအကျဖော်ပြထားခြင်းမရှိသေးပဲ အဆိုပါ ဖုန်းအတွင်းမှာ ထည့်သွင်းအသုံးပြုမည့် အချက်အလက်များအဖြစ် Samsung ရဲ့ Octa-core Exynos 5 processor ကို အသုံးပြုမည်ဖြစ်ပြီး Fingerprint Scanner ကိုလည်း ထည့်သွင်းထားတယ်လို့ဆိုပါတယ်။ မျက်နှာပြင်အကျယ် 4.7 လက်မရှိမှာဖြစ်ပြီး 1280 x 720 pixels အချိုးရှိမယ်လို့ဆိုပါတယ်။
ကင်မရာကတော့ 12 MP ကင်မရာပါဝင်မှာဖြစ်ပြီး ကင်မရာလုပ်ဆောင်ချက်များစွာထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
အဆိုပါ MobileFun ရဲ့ ၀က်ဘ်ဆိုက်မှာတော့ မိုဘိုင်းဖုန်းရဲ့ ဓာတ်ပုံကို တင်ထားခြင်း မရှိပါဘူး။
အဆိုပါဓာတ်ပုံကိုတော့ Sammobile မှာ တင်ထားတဲ့ ဓာတ်ပုံကို ဖော်ပြလိုက်ပါတယ်။
Ref : ZDNET

0 comments:
Post a Comment