Thursday, August 7, 2014

စက်တင်ဘာလ ၉ ရက်တွင် iPhone 6 ထွက်မည်ဟု ခန့်မှန်း

Apple က စက်တင်ဘာလ ၉ ရက်တွင် မီဒီယာများသို့ ထုတ်ဖော်ကြေညာမည့် ပြပွဲတစ်ပွဲပြုလုပ် ကျင်းပ မည်ဖြစ်ပြီး ယင်းပွဲတွင် မျိုးဆက်သစ် iPhone ကိုလည်း ထုတ်လုပ်သွားလိမ့်မည်ဖြစ်သည်ဟု သြဂုတ် ၆ ရက် Recode  သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

Recode သတင်းက iPhone ထုတ် လုပ်မည့်ရက်ကို ဖော်ပြခဲ့သော်လည်း အသေးစိတ်အချက်အလက်များ ကို ဖော်ပြခဲ့ခြင်းမရှိချေ။ Apple က အောက်တိုဘာလ မတိုင်ခင်အထိ  iPhone 6 ကို ထုတ်လုပ်နိုင်ဦး မည်မဟုတ်ဟု အခြားသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

အမေရိကန်အခြေစိုက် အင်အားကြီး နည်းပညာကုမ္ပဏီသည် ၎င်းတို့၏ မျိုးဆက်သစ် iPhone များကို နှစ်စဉ်နှစ်တိုင်း ထုတ်လုပ်လေ့ရှိသည့်အတွက် ယခုသတင်းသည်လည်း ရာနှုန်းပြည့်မှန်ကန်နိုင်ခြေရှိသည် ဟု နိုင်ငံတကာသတင်းများက ခန့်မှန်းပြောဆိုထားကြသည်။

စမတ်ဖုန်းဈေးကွက်များတွင် iPhone 6 နှင့် ပတ်သက်သော အသေးစိတ်အချက်အလက် သတင်းများစွာ ထွက်ပေါ်လျက်ရှိ ပြီး အများစုသည် မျက်နှာပြင် အကျယ် ၄ ဒသမ ၇ လက်မနှင့် ၅ ဒသမ ၅ လက်မ အရွယ်အစားရှိမည်ဟုသာ ခန့်မှန်းထားကြသည်။

မကြာသေးသောအချိန်တွင်လည်း Apple က ၎င်းအား ကုန်ကြမ်းပစ်္စည်း ထောက်ပံ့သည့်ကုမ္ပဏီများသို့ ဖုန်းအလုံးရေ သန်း ၇ဝ မှ ၈ဝ ကြား ထုတ်လုပ်ရန် မှာကြားမှုများ ပြုလုပ်ခဲ့သည်ဟု The Wall Street Journal သတင်းက ဖော်ပြခဲ့သည်။

ကုမ္ပဏီ၏ အဓိကအမြတ်ငွေများကို iPhone ရောင်းချခြင်းမှ ရရှိခဲ့သော်လည်း ယခုအချိန်တွင် ပြိုင်ဘက်များ စွာပေါ်ထွက်လာခြင်းနှင့် ဈေးနှုန်းသင့်တင့်သော တရုတ်အခြေစိုက် Huawei နှင့် ZTE စမတ်ဖုန်းများ လူကြိုက်များလာခြင်းကြောင့် စမတ်ဖုန်းဈေးကွက်အတွင်း iPhone ၏ ဈေးကွက် နေရာရရှိမှုများလည်း လျော့ကျခဲ့ရသည်။

ထိုကဲ့သို့ အခြားအဆင့်မြင့် စမတ်ဖုန်း များ အပြိုင်အဆိုင်ထွက်ပေါ်လာကြသော်လည်း iPhone ကိုသာ စွဲမြဲအသုံးပြုသူ အများအပြားလည်းရှိပြီး လက်ရှိအချိန်ထိ iTunes အကောင့်ပေါင်း သန်း ၈ဝဝ ကျော်ရှိနေ ပြီဟု Apple က ဧပြီလအတွင်းက ပြောကြားခဲ့သည်။ ထို့နောက် ၂ဝ၁၄ ခုနှစ် ဇွန်လအထိ iPhone အလုံး ရေပေါင်း ၃၅ ဒသမ ၂ သန်း ရောင်းချခဲ့ရသည်ဟု ပြီးခဲ့သည့် ဇူလိုင်လတွင် Apple က ထုတ်ဖော် ပြော ကြားခဲ့သည်။

လက်ရှိအချိန်အထိ ထွက်ရှိလာသော သတင်းများနှင့် ပတ်သက်၍ Apple က တစ်စုံတစ်ရာ မှတ်ချက်ပေး ရန် ငြင်းဆိုထားလျက်ရှိသည်။

Mizzima

0 comments:

Post a Comment