ဟောလိဝုဒ် ငွေကြယ်ပွင့်စုံတွဲ ဘရတ်ဒ်ပစ်နှင့်အိန်ဂျလီနာဂျိုလီ တို့၏ဇာတ်ကားသစ်ဖြစ်သည့် By the Sea အမည်ရှိ အချစ်ဒရာမာ ဇာတ်ကားကို မာတာရှိ ဒုတိယ အကြီးဆုံးကျွန်းတစ်ခုဖြစ်သော Mgarr ix-Xini ကမ်းခြေ ၌ သြဂုတ် ၁၇ ရက်က စတင်ရိုက်ကူးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ဇာတ်ကားသစ်၏ တစ်ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်ကို ယူနီဗာဆယ် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှ ရရှိထားပြီး ယင်းဇာတ်ကား၏ ဇာတ်လမ်းဇာတ်ကွက် အကြောင်းအရာအသေးစိတ်ကို ယခုအချိန်ထိတိုင် လျှို့ဝှက်ထားဆဲဖြစ်ပြီး ၂ဝ၁၅ ခုနှစ် တွင် ဖြန့်ချိပြသသွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
မင်းသား ဘရတ်ဒ်ပစ်အနေဖြင့် ၂ဝဝ၄ ခုနှစ်က Troy ဇာတ်ကား၊ ၂ဝ၁၃ ခုနှစ်က World War Z ဇာတ်ကားတို့ကို မာတာ၌ သွားရောက်ရိုက်ကူးခဲ့ဖူးပြီး လာမည့်အောက်တိုဘာ ၁၇ ရက်တွင် Fury ဇာတ်ကားသစ်တွင် ထပ်မံမြင်တွေ့ရမည်ဖြစ်သည်။ ထို့ပြင် အိန်ဂျလီနာဂျိုလီအား Kung Fu Panda 3 သရီးဒီ အမေရိကန်-တရုတ် အက်ရှင်ဟာသဇာတ်မြူးကားနှင့ှ်ေူအ ၂ စပိုင်ဇာတ်ကားသစ်များတွင် ထပ်မံမြင်တွေ့ရဦးမည်ဖြစ်သည်။
The Mirror Daily

0 comments:
Post a Comment