Friday, August 22, 2014

သင့် Facebook newsfeed ပေါ်က သတင်းတွေဟာ တကယ်အရေးတကြီး သိသင့်တဲ့ သတင်းတွေ ဟုတ်ရဲ့လား


အင်တာနက်သုံးတဲ့အခါ အထူးသဖြင့် Facebook သုံးတဲ့အခါ ဘယ်သူကမှ စိတ်ညစ်စရာကောင်းတဲ့ သတင်းမျိုးတွေ မဖတ်ချင်ကြပါဘူး။ ဒါကြောင့်လဲ Facebook ကိုဝင်ကြည့်တဲ့အခါမှာ အရေးကြီးတဲ့ စိတ်ဝင်စားဖွယ် သတင်းအမှန်အကန် ဘာတစ်ခုမှ မရရှိကြတာပေါ့။ အခုချိန်မှာ လူတိုင်းသိကြတဲ့အတိုင်းပဲ။ Facebook က သူငယ်ချင်းတွေဆီက သတင်းအသစ်အသစ်တွေ ရရှိအောင်နဲ့ သင်နှစ်သက်တဲ့ သတင်းစာမျက်နှာတွေ၊ သင်နဲ့ အပြန်အလှန် ဆက်သွယ်နေတဲ့ လူတွေလောက်ကိုသာ Newsfeed မှာ ပြသပေးထားပါတယ်။ Facebook က သင့်ကို အဲဒီ့ပို့စ်တွေ၊ ကြော်ငြာတွေကို အရမ်းအရမ်း (click) နှိပ် စေချင်တာ။

ဒါကြောင့် Ferguson ကို ဆန့်ကျင်ပြောဆိုမယ့် သူငယ်ချင်းတွေကို ရှာဖွေဖို့ (သို့) သမ္မတ Obama က ဘယ်လို ဖြစ်လို့ Iraq ကို အလည်အပတ် ခရီးသွားရောက်ခဲ့တဲ့ စတုတ္ထမြောက် သမ္မတ ဖြစ်သွားသလဲဆိုတဲ့ သတင်းမျိုးလေးတွေကို ရှာဖွေဖို့ အနည်းငယ်တော့ ထဲထဲဝင်ဝင်  ဝင်ရောက်ရှာဖွေဖတ်ရှုရမှာ ဖြစ်ပါတယ်။ Facebook က သင့်အတွက် သက်တောင့်သက်သာဖြစ်စေချင်တယ်။ လူတွေ အငြင်းပွားဖွယ် အောက်လွှတ်တော် ပေါ်လစီအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြသလားဆိုတာတွေကို ဝင်ကြည့်မိမှာ မဟုတ်ပဲ အပျော်ခရီးသွား ဓါတ်ပုံတွေနဲ့ ဂိမ်းတွေ၊ စိတ်ဝင်စားစရာ ဥာဏ်စမ်းမေးခွန်းလေးတွေကိုသာ လိုက်လံ ကြည့်မိမှာဖြစ်ပါတယ်။ ဒါပေမဲ့ Facebook ကတော့ စသုံးလိုက်ချိန်ကတည်းက မရပ်ချင်လောက်အောင် Twilight Zone episode ထဲက သည်းထိတ်ရင်ဖိုတွေလို စိတ်ဝင်စားစရာအကြောင်းအရာအမျိုးမျိုးကို သင့်အတွက် အမြဲ စီစဉ် ပေးထားပါတယ်။

Source: Cosmopolitan

0 comments:

Post a Comment