Friday, August 22, 2014

ဂျပန် မြေပြိုမှုကြောင့် ပျောက်နေသူ များကို ပိုက်စိပ်တိုက် ရှာဖွေ

ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် မြေပြိုခြင်း များကြောင့် အိမ်များ ပြိုပျက် သွားခဲ့ရာ အိမ် အပျက်အစီး ပုံများ အကြား အသက်ရှင် ကျန်ရစ်နေ သူများ ရှိနေလိမ့် ဦးမည်ဟူသော မျှော်လင့်ချက် အနည်းငယ်ဖြင့် ကယ်ဆယ်ရေး သမား ၃,၀၀၀ ခန့်သည် ကြာသပတေး နေ့တွင် ပိုက်စိပ်တိုက် ရှာဖွေမှုများ ဆက်လက် ပြုလုပ်လျက် ရှိသည်ဟု သြဂုတ်လ ၂၁ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ဗုဒ္ဓဟူး နေ့တွင် ရာသီဥတု ဆိုးရွားသဖြင့် မြေပြိုမှုများ ဖြစ်ရာမှ အနည်းဆုံး လူ ၃၉ ဦး သေဆုံး ခဲ့ရသည်။ ရဲအရာ ရှိများ၊ မီးသတ် တပ်ဖွဲ့ဝင် များနှင့် စစ်သား များသည် ပျောက်ဆုံးလျက် ရှိသူ ခုနစ်ဦးအား တွေ့ရှိရေး မျှော်လင့် ချက်ဖြင့် အုတ်ကျိုး အုတ်ပဲ့များ နှင့် ရွှံ့နွံများ ကြားထဲတွင် ရှာဖွေမှုများ ညလုံးပေါက် ပြုလုပ် ခဲ့ကြသည်။

ဟီရိုရှီးမားမြို့တွင် သုံးနာရီ အတွင်း ရွာသွန်း ခဲ့သော မိုးရေချိန် ပမာဏမှာ တစ်လကျော် ရွာသွန်း ခဲ့သော မိုးရေချိန် ပမာဏ ထက်ပင် ပိုများ ခဲ့ပြီး ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် တောင်စောင်းများ ပြိုကျ ခဲ့ရာ အိမ်ဒါဇင် အနည်းငယ်မှာ မြေကြီးများ အောက်သို့ မြုပ်သွား ခဲ့သည်။

Ref: AFP

0 comments:

Post a Comment