ဆမ်ဆောင်း ကုမ္ပဏီသည် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နှင့် ပူးပေါင်းပြီး နည်းပညာနှင့် သတင်းအချက်အလက် အိုင်တီကဏ္ဍတွင် ပိုမိုကောင်းမွန်သော ပညာသင်ကြားရေး ကို ပေးအပ်နိုင်
ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''လက်တွဲဆောင်ရွက်မှုကို Samsung Tech Institute လို့ခေါ်ပြီး ရွေးချယ်ထားတဲ့ ကျောင်းသားတွေကို မြန်မာနိုင်ငံမှာ အသုံးဝင်တဲ့ ပြည်တွင်း ဘာသာစကားနဲ့ Content တွေ၊ Application တွေ ဖန်တီးနိုင်အောင် Android စနစ်အကြောင်းနဲ့ မိုဘိုင်းလ် Application၊ ဒီဇိုင်း စတာတွေကို သင်ကြားပေးမယ့် အစီအစဉ်ဖြစ်ပါတယ်'' ဟု ဆမ်ဆောင်းမြန်မာမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။ ''ဆမ်ဆောင်းက မိုဘိုင်းလ် စက်ပစ္စည်းတွေမှာ မြန်မာစကား တည်ငြိမ်မှုကို ပေးအပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဆမ်ဆောင်းနဲ့ တယ်လီနော မြန်မာပေါင်းပြီး မြန်မာနိုင်ငံအတွက် SIM Card နဲ့ ဖုန်း Bundle တွေကို ရောင်းချသွားဖို့ အစီအစဉ်တွေ ရှိပါတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။ ဆမ်ဆောင်းမှ ယူနီကုတ်နှင့် ဇော်ဂျီဖောင့် အသုံးပြုနိုင်မည့် မိုဘိုင်းလ်ဟန်းဆက်ကို ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ဆမ်ဆောင်းမြန်မာမှ သိရသည်။ ဆမ်ဆောင်းသည် ကမ္ဘာပေါ်တွင် နံပါတ်တစ် မိုဘိုင်းလ် စက်ပစ္စည်း ထုတ်လုပ်သူဖြစ်ပြီး စက်တင်ဘာတွင် စတင်မည့် မိုဘိုင်းလ် ဝန်ဆောင်မှုအတွက် တယ်လီနောမြန်မာနှင့် လက်တွဲဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးထားသူဖြစ်ကြောင်း သိရသည်။
မြ၀တီ

0 comments:
Post a Comment