Friday, August 15, 2014

ကမ္ဘာကျော် အဆိုတော် စလင်းဒီရွန် အနုပညာလုပ်ငန်းများ ခေတ္တဆိုင်းငံ့

ကမ္ဘာ့ပရိသတ်များ၏ တစ်ခဲနက် ထောက်ခံ အားပေးမှုကို ရရှိနေသည့် အဆိုတော် စလင်းဒီရွန်သည် ခင်ပွန်းဖြစ်သူ ကင်ဆာဝေဒနာရှင် ရီနီအိန်ဂျလီ အား ပြုစုရန်အတွက် ၎င်း၏ အနုပညာ လုပ်ငန်းများကို ခေတ္တဆိုင်းငံ့ ထားရသည်ဟု မေးလ်အွန်လိုင်းတွင် ရေးသားထားသည်။



အသက် ၄၆နှစ်ရှိ စလင်းဒီရွန်သည် ခင်ပွန်းသည်၏ ကျန်းမာရေး အခြေအနေများကြောင့် အာရှဖျော်ဖြေရေး ခရီးစဉ်အား ဖျက်သိမ်းခဲ့ရပြီး လက်စ်ဗီးဂတ်စ်တွင် ပုံမှန်ပြုလုပ်နေကျ ဖျော်ဖြေပွဲ များကိုလည်း အချိန်ရွေ့ဆိုင်း ခဲ့ရကာ အခြားဖျော်ဖြေပွဲ များကိုလည်း ရက်ပြောင်း သတ်မှတ် ထား ခဲ့ရသည်။

15aug3အသက် ၇၂နှစ်ရှိပြီ ဖြစ်သည့် အိန်ဂျလီသည် ၎င်း၏ လည်ပင်းမှ ကင်ဆာကျိတ်အား ဖယ်ရှားရန် အတွက် ဒီဇင်ဘာလ အတွင်းက ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေမှာ ဆက်လက် ဆိုးရွားနေသည်။ “ဒီအချိန်တွေက ကျွန်မအတွက် အရမ်းကို ခက်ခဲပြီး စိတ်ဖိစီးမှုလည်း အရမ်းများတဲ့ အချိန်ပါ”ဟု ဒီရွန်က သြဂုတ်၁၃ရက်က ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ပြောကြားထားသည်။

စလင်းဒီရွန်သည် ကိုယ်တိုင်လည်း လည်ပင်းကြွက်သားများရောင်ရမ်းသည့်ဝေဒနာကိုခံစားနေရပြီး ယင်းဝေဒနာမှာလည်း ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးသည့်အတွက် ဇူလိုင် ၂၉ ရက် ကတည်းက ဖျော်ဖြေပွဲများ မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများကပြောကြားထားသည်။

စလင်းဒီရွန်သည် လက်စ်ဗီးဂတ်စ်ရှိ Caesars Palace ၌ ပုံမှန်ပြုလုပ်နေကျ ရှိုးပွဲများနှင့် အာရှဖျော်ဖြေရေး ခရီးစဉ် အပါအဝင် ၂ဝ၁၅ခုနှစ် မတ်လ၂၂ရက် အထိ စီစဉ် ထားသည့် ရှိုးပွဲများ အားလုံးကို ဖျက်သိမ်း လိုက်ရသည်။

Mizzima

0 comments:

Post a Comment