ရီတာအော်ရာသည် ယခု သီတင်းပတ်အတွင်း Teen Choice Awards ပွဲတွင် I Will Never You Down သီချင်းအား ပူးတွဲသီဆိုရန် ချစ်သူဟောင်း ကယ်လ်ဗင်ဟာရစ်၏ ငြင်းဆိုခံ လိုက်ရပြီးနောက် ၎င်းအနေဖြင့် ဂျက်စတင်ဘီဘာ အပေါ် စိတ်လှုပ်ရှား တိမ်းညွှတ်မှု ရှိကြောင်း ရယ်မောကာ ဝန်ခံပြောဆို ခဲ့သည်ဟု daily mirror သတင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အသက်၂၃နှစ်ရှိ ရီတာသည် ဘီဘာအတွက် အချစ်များစွာရှိပြီး ဘီဘာသည် ရင့်ကျက်မှု ရှိပြီး တဖြည်းဖြည်း တိုးတက်မှု ရှိလာသည့် အနုပညာရှင် တစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ဘီဘာ၏ ဖမ်းဆီးခံ ခြင်း အမှုကိစ္စများ၊ မိန်းကလေးများနှင့် ကိစ္စများကို ဆိုလိုခြင်း မဟုတ်ဘဲ စတိုင်၊ဟန်ပန် အမူအရာကို ကြိုက်နှစ် သက် ခြင်းဖြစ် သည်ဟု ရီတာက ဝန်ခံပြောကြားခဲ့သည်။
ရီတာသည် ယခုနှစ် အစောပိုင်းကမှ ချစ်သူကယ်လ်ဗင်နှင့် လမ်းခွဲခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့နှစ်ဦး လမ်းခွဲရခြင်း အကြောင်းများတွင် ဘီဘာ၏ ပတ်သတ် ဆက်နွယ်မှု သည်လည်း အကြောင်းရင်း တစ်ရပ်အဖြစ် ပါဝင်နေကြောင်း ကောလဟလများပင် ထွက်ပေါ်ခဲ့သည်။
Mizzima

0 comments:
Post a Comment