NU’EST အဖွဲ့၏ လက်တင်အမေရိကမှ ပရိသတ်များသည် ၎င်းတို့ အဖွဲ့ထံမှ နောက်ဆုံးကြားရသည့် သတင်းကြောင့် ဝမ်းသာပျော်ရွှင် လျက်ရှိသည်ဟု k pop net တွင်ရေးသား ထားသည်။
၎င်းတို့သည် စက်တင်ဘာ ၁၂ရက်တွင် ပီရူးနိုင်ငံ လီမာမြို့ရှိ Plaza de Sam Miguel ၌ ပထမဆုံး စတင်ဖျော်ဖြေ မည်ဖြစ်ပြီး စက်တင်ဘာ၂၄ရက်တွင် ချီလီနိုင်ငံ၊ဆန်တီရာဂိုမြို့ရှိ Teatro La Cupula တွင် ဆက်လက် ဖျော်ဖြေကြမည်ဖြစ်သည်။
NU’EST အဖွဲ့သည် စက်တင်ဘာ ၂၇ရက်တွင် ဘရာဇီးလ်သို့ သွားရောက် ကြမည်ဖြစ်ပြီး ၎င်းတို့၏ ဖျော်ဖြေရေး အစီအစဉ်များကို မကြာမီ ကာလ အတွင်းကြေညာပေး သွားမည်ဟု Facebook စာမျက်နှာများမှ တဆင့်ပြောကြား ထားသည်။
Mizzima

0 comments:
Post a Comment