အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြရိသျှပြည်တွင် ရေကြီးမှုဖြစ်ပွားရာ ၄၅ ဦး သေဆုံးပြီး ဒေသခံ သုံးသိန်း အား နေရာရွှေ့ပြောင်း မှုများ ပြုလုပ်ထားရသည်။
“ရွာပေါင်း ၄၀၀ လောက်က ဒေသခံ ၃၁၀၀၀၀ ဦးနီးပါး ရေဘေးအန္တရာယ် ကြုံတွေ့နေရပါတယ်” ဟု ပြည်နယ် ကယ်ဆယ်ရေးလုပ်ငန်းဌာန လက်ထောက်ကော်မရှင်နာ ပရာဗတ်ရန်ဂျန်မိုဟာပက်ထရာက ပြောကြားသည်။
သြဂုတ်လ ပထမပတ်အတွင်းမှ စတင်ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုကြောင့် လူ ၄၅ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း မိုဟာ ပက်ထရာက ပြောကြားသည်။
“အိန္ဒိယမိုးလေ၀သဌာနက ရာသီဥတုအခြေအနေ ပြန်ကောင်းတော့မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ပုံမှန်အနေ အထားကို ပြန်ရောက်နိုင်တော့မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ပြောကြားသည်။
သြရိသျှပြည်နယ်တွင် ယမန်နှစ် စက်တင်ဘာလအတွင်းက မုန်တိုင်းတစ်ခု ၀င်ရောက်တိုက်ခိုက်မှု ကြောင့် ၁၈ ဦး သေဆုံးကာ စိုက်ခင်းအများအပြား ပျက်စီးသွားပြီး အောက်တိုဘာလတွင် မိုးများသည်း ထန်စွာ ထပ်မံရွာသွန်းခဲ့ရာ လူ ၄၈ ဦး သေဆုံးခဲ့သည်။
နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအတွင်း ရွာသွန်းသည့် မိုးများသည် အိန္ဒိနိုင်ငံမှ သန်းပေါင်းများစွာသော လယ်သမား များနှင့် နိုင်ငံ၏ စီးပွားရေးအတွက် များစွာအရေးပါနေပြီး တစ်နှစ်လုံး မိုးရွာသွန်းမှု၏ ၈၀ ရာခိုင်နှုန်းသည် မုတ်သုံရာသီ တွင် ဖြစ်ပွားလေ့ရှိသည်။
Ref:AFP

0 comments:
Post a Comment