Thursday, August 7, 2014

ဝရန်တာပြိုကျ၍လူသေခဲ့သည့်တိုက် စည်ပင်ဖြိုချမည်

ဝရန်တာပြိုကျသွားသော တိုက်ကိုတွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ကြည့်မြင်တိုင်မြို့နယ် ညဈေးတွင် ၀ရန်တာလက်ရန်းပြို ကျခဲ့သည့်တိုက်ကို အန္တရာယ်ရှိသ ဖြင့် စည်ပင်ကတိုက်တစ်လုံး ဖြို ချသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှူးဦးသန်းဌေးက ပြောသည်။

‘‘တိုက်ကအမွေကိစ္စနဲ့ ပတ် သက်ပြီးအမှုဖြစ်နေတယ်။ ဒါပေမဲ့ ထပ်ပြိုကျမှာစိုးလို့ တိုက်တစ်ခုလုံး ကို ဖြိုပစ်မှာပါ’’ဟုဦးသန်းဌေးက ဆိုသည်။


အဆိုပါတိုက်တွင် လက်ရှိ မိသားစုတစ်စုနေထိုင်ပြီး ၎င်းတို့ ကိုလည်းအချိန်မီပြောင်းရွှေ့ပေး ရန် ညွှန်ကြားထားကြောင်းဦးသန်း ဌေးကဆိုသည်။

ဇူလိုင် ၃၁ရက် ည ၇နာရီ ၁၅မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့ နယ်၊ ညဈေးမှတ်တိုင်အနီး၊ ရွှေ လှိုင်လမ်းအတွင်းရှိ နှစ်ထပ်တိုက် ၏ အိမ်ရှေ့ဝရန်တာပြိုကျရာ၌ တိုက်အောက်တွင်ဈေးရောင်းနေ သည့် ဈေးသည်များပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

 အဆိုပါ ၀ရန်တာပြိုကျမှု ကြောင့် အခင်းဖြစ်ပွားရာနေရာ  တွင် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီးသုံးဦးထိ ခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါတိုက်မှာသက်တမ်း အားဖြင့် နှစ်ပေါင်းငါးဆယ်ကျော် ကြာမြင့်နေပြီဖြစ်ပြီးလူနေထိုင်ရန် မသင့်လျော်သည့်အပြင် ယင်းအ နီးတစ်ဝိုက်တွင် ဈေးရောင်းချနေ သူများ၏ လုံခြုံမှုအတွက်ပါယခု  ကဲ့သို့ အဆိုပါတိုက်ကိုဖြိုချရန်မြို့တော်စည်ပင်ကရည်ရွယ်ထားသည်။

ယင်းတိုက်မပြိုကျမီတွင် ရန် ကုန်မြို့တော်စည်ပင်ကအဆိုပါ တိုက်ကို အန္တရာယ်ရှိအဆောက် အအုံအဖြစ် သတ်မှတ်ထားခြင်းမ ရှိပေ။

ပြီးခဲ့သည့် ဧပြီ ၂၆ရက် ည နေကလည်းအလုံမြို့နယ်ရှိ နှစ် ထပ်တိုက်ဟောင်းကို တိုက်သစ် ဆောက်ရန်ဖြိုချရာမှ အိမ်ပထမ ထပ်မျက်နှာစာအခြမ်းရှိ အုတ်နံရံ ပြိုကျခဲ့ပြီးတိုက်ဖြိုဖျက်နေသော အလုပ်သမားသုံးဦးပိမိကာနေရာ တွင်ပင်နှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ ပြီး တစ်ဦးမှာဆေးရုံတွင် သေဆုံး ခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။

၂၀၁၃ မေလကလည်း စမ်းချောင်းမြို့နယ်ရှိ တိုက်ဟောင်းကိုဖြိုချစဉ် ဖြိုလက်စတိုက်ပြို၍ အလုပ်သမားတစ်ဦး နေရာတွင် ပွဲချင်းပြီးသေပြီးနှစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးသွားခဲ့သည်။

7 Day Daily

0 comments:

Post a Comment