Tuesday, August 19, 2014

အံ့အားသင့်စရာ ပါးစပ်အနံ့ဆိုး ထွက်စေတတ်တဲ့ အစားအသောက်များ


လူတိုင်းသိထားပြီးသား ပါးစပ်အနံ့ဆိုးထွက်စေတတ်တဲ့ အစားအသောက်မျိုးတွေ ရှိနေပါတယ်။ ဥပမာ ဒညင်းသီးလိုဟာမျိုးပေါ့။ ဒါပေမယ့် သင်လုံးဝမသိသေးတဲ့၊ ထင်မှတ်မထားတဲ့ ပါးစပ်အနံ့ဆိုးဖြစ်စေတဲ့ အစားအသောက်တွေ ရှိနေပါ တယ်။ အဲ့ဒါတွေကတော့

၁။Methol ပါတဲ့ ၀ါးရတဲ့ အရာများ

တစ်ခါတစ်လေ ပါးစပ်နံမှာစိုးလို့၊ ခံတွင်းသန့်သွားအောင်ဆိုပြီး ၀ါးလို့ရမယ့် methol ပါ သကြားလုံးတွေ ဘာတွေ ကောက်စားလိုက်လို့ကတော့ သင့်ပါးစပ်မှာရှိပြီးသား အနံ့ထက်တောင် ပိုဆိုးတဲ့ အနံ့မျိုးထွက် လာစေမှာပါ။ ဒါတွေ ၀ါးနေရာက ရပ်လည်းရပ်လိုက်ရော အနံ့ဆိုးထွက်လာရော ဆိုတာမျိုးပေါ့။

၂။အရမ်းချိုလွန်းတဲ့ အစားအစာများ

ချိုလွန်းတဲ့ အစားအစာတွေဟာ သင့်ပါးစပ်ထဲမှာ အနံ့ဆိုးတွေ ဖြစ်ပေါ်စေနိုင်တဲ့ ဘက်တီးရားတွေကို ဖြစ် ပွားစေပါတယ်။ ချောကလက်တွေ၊ cup cake တွေ ၊ကွတ်ကီးနဲ့ အခြားချိုလွန်းတဲ့အစားအစာတွေကို ပါးစပ် အနံ့ဆိုး မထွက်စေဖို့ ရှောင်ကြည်သင့်ပါတယ်။

၃။ပရိုတင်း

ခန္ဓာကိုယ်အတွက် ပရိုတင်းဓာတ်ကြွယ်ဝစေဖို့ အရေးကြီးတာမှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီပရိုတင်းဓာတ်များ တဲ့ အစားအသောက်တွေဟာ သင့်ပါးစပ်အတွက်တော့ အနံ့ဆိုးထွက်စေတဲ့ အရာတွေပါပဲ။

၎။အက်ဆစ်ဓာတ်ပါတဲ့ အစားအစာများ

အက်ဆစ်ဓာတ်ပါတဲ့ အစားအစာတွေလို့ ဆိုလိုက်ရင် ကော်ဖီ၊ ခရမ်းချဉ်သီးဖျော်ရည်၊ ထောပတ်၊ ကြက်ဥစ တာတွေပါပဲ။ ဒီအရာတွေကလည်း သင့်ပါးစပ်ထဲမှာ ဘက်တီးရီးယားပိုးတွေ ဖြစ်ပေါ်စေတဲ့အတွက် အနံ့ဆိုး ထွက်စေတာပါပဲ။

၅။အရက်

ဒီအချက်ကတော့ အထူးရှင်းပြနေစရာကို မလိုပါဘူး။ စကားပြောလိုက်တိုင်း အရက်နံ့တထောင်းထောင်း
ဖြစ်ေ နတာကိုက အရက်ဟာ သင့်ပါးစပ်ထဲမှာ ဘက်တီးရီးယားဘယ်လောက်တောင် ဖြစ်ပေါ်စေခဲ့ပြီးသလဲ ဆိုတာ သိသာစေတာပါပဲ။
 Trend Myanmar

0 comments:

Post a Comment