ကိုယ်ချင်းစားတရားထားနိုင်ပါက မည်သည့် ဘာသာဝင် နှင့် မဆို ယှဉ်တွဲနေနိုင်သည်ဟု နိုင်ငံတော် သမ္မတ၏ သာသနာ ရေးအကြံပေး သူရဦးမြင့်မောင်က သြဂုတ် ၆ရက် ညက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotelတွင် ကျင်းပသည့် အိ(ဒ်)ပွဲတော်ကို ဘာသာပေါင်းစုံ ဂုဏ်ပြု ညစာစားပွဲတွင် ပြောကြားလိုက်သည်။
"ကိုယ်ချင်းစာတရားထားနိုင်ရင် ဘယ်လူမျိုးဘာသာမဆို ပေါင်းစည်းမနေနိုင်ဘူးဆိုတာ မရှိပါဘူး။ ငြိမ်းချမ်းစွာနေထိုင်ဖို့ ကိုယ်ချင်းစာ တရားသာ အဓိကပါ"ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "ကျွန်တ်ာအပါအဝင် အားလုံးသည် လောကကြီးကို ငိုရအောင် ဖန်တီးသူများမဟုတ်ဘဲ ပြုံးပျော်ရအောင် ဖန်တီးသူများဖြစ်ပါစေ လို့ ဆုတောင်းပါတယ်" ဟု ပြောကြားခဲ့သေးသည်။
ယင်းအခမ်းအနားကို နိုင်ငံတော်သမ္မတ သာသနာရေးအကြံပေး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ အမေရိကန်သံအမတ်၊ တူရကီသံအမတ်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတို့ တက်ရောက်ခဲ့သည်။
Mizzima

0 comments:
Post a Comment