Thursday, July 10, 2014

Sony က Selfie ဓါတ်ပုံများ ရိုက်ရန် ကောင်းမွန်သည့် Xperia C3 ကို ရောင်းချ


Sony က Selfie ဓါတ်ပုံများ ရိုက်ရန် ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း အဖြစ် Xperia C3 ကို ကြေညာလိုက်ပါသည်။

Xperia C3 ၏ အရှေ့ဘက်မျက်နှာပြင်တွင် 5 Megapixel Camera တပ်ဆင်ထားသည့်အတွက် Selfie ဓါတ်ပုံများ ရိုက်ကူးလျှင် ရုပ်ထွက် အလွန်ကောင်းမွန်ပါသည်။ ကင်မရာနှင့် အတူ LED Flash ကို တပ်ဆင်ထားပါသည်။ ဖုန်း၏ အနောက်ဘက်ကို နှစ်ချက်ခေါက်ပြီး ဓါတ်ပုံရိုက်နိုင်သကဲ့သို့ ပြုံးလျှင် ဓါတ်ပုံရိုက်ပေးသည့် Smile Shutter စွမ်းဆောင်ချက် ပါရှိပါသည်။ ရိုက်ကူးသည့် ရှုခင်းများ အပေါ်မူတည်ပြီး Mode များပြောင်းပေးနိုင်ပြီး Superior Auto Mode က အလင်းရောင်များကို အလိုအလျှောက် ချိန်ညှိပေးနိုင်ပါသည်။ Selfie Apps များဖြစ်သည့် AR Effect, Portrait Retouch များပါရှိပါသည်။

အခြား Specifications များမှာ ၅.၅ လက်မ 720p Display , 1.2GHz Quad-Core Snapdragon CPU, 1GB RAM တို့ တပ်ဆင်ထားပါသည်။ 8 GB Internal Storage နှင့် 32GB အထိဝင်ဆန့်သည့် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 8 MP Camera တပ်ဆင်ထားပါသည်။ ဆက်သွယ်မှုအပိုင်းတွင် WiFi 802.11 b/g/n, LTE, Bluetooth 4.0 , DLNA တို့ ပါရှိပါသည်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည်ဖြစ်ပြီး 2500mAh Battery တပ်ဆင်ထားပါသည်။

Xperia C3 ကို အနက်၊ အဖြူနှင့် အစိမ်းဖျော့ရောင်များ ထုတ်လုပ်ပေးထားပြီး သြဂုတ်လတွင် ရောင်းချမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ပထမဆုံး ရောင်းချမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြားနိုင်ငံများတွင် ရောင်းချပေးမည်ဟု သိရပါသည်။

Myanmar Digital Life Journal

0 comments:

Post a Comment