Friday, July 4, 2014

ချစ်ခဲ့ဖူးတဲ့ ပိုပို PLT Studio မှာ ဒုတိယအယ်လ်ဘမ်အတွက် အသံစသွင်း


ချစ်ခဲ့ဖူးသမျှ တေးအယ်လ်ဘမ်နဲ့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော် ပိုပိုဟာ သူ့ရဲ့ ဒုတိယမြောက် တေးအယ်လ်ဘမ်အတွက် ဂစ်တာ ချစ်စမ်းမောင်ရဲ့ PLT Studio မှာ စတင်အသံသွင်းနေပါပြီ။ ကိုယ်ပိုင်သီချင်းတွေနဲ့ ပိုပိုရဲ့ သီချင်းသစ်တွေအကြောင်း ဘယ်လိုရှိလဲ။

“ကိုတိုးရဲ့ Heaven Born နဲ့လုပ်ဖြစ်တာကတော့ သီချင်းတွေကိုလည်း သမီးက တော်ရုံတန်ရုံနဲ့ အားမရဘူး။ ကိုတိုးတိုးတို့အဖွဲ့နဲ့ကျတော့ ညီအစ်ကိုမောင်နှမတွေကျတော့ ဂျီတိုက်လို့ရတယ်”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။ သီချင်း ၁၃ပုဒ်ပါဝင်မယ့် ခွေသစ်မှာ တေးရေးအသစ်တစ်ယောက်ပဲ ပါဝင်တယ်လို့ ဆိုပါတယ်။

“အခုထွက်မယ့် အယ်လ်ဘမ်သစ်မှာတော့ ပရိသတ်ကြိုက်မယ်ထင်တဲ့ သီချင်းတွေကို ရွေးပြီး အကောင်းဆုံးလုပ်ထားပါတယ်။ Show တွေလည်း တော်တော်ခေါ်ဆိုကြတယ်။ ပရိသတ်တွေကလည်း ပိုပိုဆိုတာ ပိုသိလာကြတယ်။ နေရာတော်တော်များများမှာ ပိုပို့သီချင်းလေးတွေ ဖွင့်သံကြားတိုင်း ပြောမပြတတ်အောင် ကြည်နူးရပါတယ်”

တေးအယ်လ်ဘမ်မထွက်ခင်ကတည်းက ပန်းချီပြပွဲ ဖွင့်ပွဲတွေမှာ ကိုယ်ပိုင်သီချင်းလေးတွေနဲ့ ဖျော်ဖြေတတ်တဲ့ ပိုပိုတစ်ယောက် နာမည်မပေးရသေးတဲ့ အယ်လ်ဘမ်သစ်ကို ဂစ်တာတိုးတိုးရဲ့ Heaven Born Band နဲ့ သွင်းယူနေပါတယ်။

Kamayut Media

0 comments:

Post a Comment