Friday, July 4, 2014

လိင်ပိုင်းဆိုင်ရာအဓမ္မကျင့်မှု ကိုင်တွယ်ဖြေရှင်းရေးဌာန ထူထောင်လိုက်တဲ့ Harvard တက္ကသိုလ်


Harvard University က လိင်ပိုင်းဆိုင်ရာ စော်ကားမှု နှင့် အဓမ္မ ပြုကျင့်မှုကို စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ အဖွဲ့အစည်းထူထောင်လိုက် ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားသွားခဲ့ပါတယ်။

Harvard ရဲ့ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ အဓိကအဖွဲ့ဟာ ရုံးတင်စစ်ဆေးနေတဲ့  အမှုကိစ္စရပ်တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အမှန်တကယ် ဖြစ်မဖြစ် ဆုံးဖြတ်ဖို့ Preponderance of evidence standard ကို အသုံးပြုသွားမှာဖြစ်တယ်။ အဲဒါကတော့ လက်ရှိကျင့်သုံး နေတဲ့ စံနှုန်းထက် လျော့ပေါ့ပေးထားတာဖြစ်ပါတယ်။ ဒီအသစ်ပြုပြင်ထားတဲ့ မူဝါဒကို အဓိကအားဖြင့် အမှုစစ်ဆေးရာမှာ လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးပြီး အမှုကိစ္စဖြစ်ပေါ်လာတဲ့အခါ Harvard စွမ်းဆောင်ရည်ကို အဓိက လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Cambridge Massachusetts က Ivy League University ရဲ့President ဖြစ်သူ Drew Faust ကပြောပါတယ်။

ဒီမူဝါဒဟာ အဖိုအမခွဲခြားသတ်မှတ်ခြင်းကိစ္စ (သို့) လိင်ပိုင်းဆိုင်ရာကိစ္စ၊ Gay, lesbian နှင့် transgender ကျောင်းသားတွေအတွက်ပါ အကြုံးဝင်သွားမှာဖြစ်ပါတယ်။ ဒီဌာနသည် စက်တင်ဘာလမှာစတင်မယ့် ပညာသင်နှစ်မှာစတင်ဖွင့်လစ်မှာ ဖြစ်တယ်။

အိမ်ဖြူတော်ကလည်း ကောလိပ်ပညာသင်နှစ်တွေအတွင်း ကျောင်းသားငါးယောက်ရှိတစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာပြုမူစော်ကားမှုရှိနေတာကြောင့် အမေရိကန်ကောလိပ်ဝန်းအတွင်း လိင်ကိစ္စရာဇ၀တ်မှုကို ကပ်ရောဂါတစ်ခုအဖြစ် ကြေငြာလိုက်ပါတယ်။

Ref: http://www.straitstimes.com

0 comments:

Post a Comment