Friday, July 4, 2014

၂၀၁၄ ခုနှစ်၏ အကျော်ကြားဆုံး Search Engine များ

Web search engine များကိုအင်တာနက်ပေါ်တွင် လိုအပ်သည့် အချက်အလက်များကို ရှာဖွေပေးရန် ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်သည်။ Search engine များကရှာဖွေပေးသည့် ရလဒ်များကို ရှာဖွေမှုရလဒ်များ (search results) ဟုခေါ်သည်။ ၎င်းရှာဖွေမှုရလဒ်များသည် ရှာဖွေမှုရလဒ် စာမျက်နှားများကို လိုင်းများဖြင့် ဖော်ပြပေးသည်။ ရှာဖွေမှုရလဒ်များတွင် ဓာတ်ပုံများ၊ ဝက်ဘ်စာမျက်နှာများ၊ ဗီဒီယိုများနှင့် သုံးစွဲသူရှာဖွေသည့် အမျိုးမျိုးသော ဖိုင်များပါဝင်သည်။ Search engine များကဖော်ပြပေးသည့် အချက်အလက်များနှင့် ရလဒ်များကိုကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသောပြောင်းလဲမှုများ အတိုင်းအမြဲတမ်း တိကျစွာဖော်ပြပေးသည်။ အင်တာနက်ပေါ်တွင် နာမည်ကျော်သည့် search engine များစွာရှိသည်။ ၎င်းအနက်မှ ၂၀၁၄ ခုနှစ်၏ အကျော်ကြားဆုံး search engine များကိုဖော်ပြလိုက်ပါသည်။

(၁၀) DuckDuckGo
DuckDuckGoသည် ၂၀၀၈ ခုနှစ် စက်တင်ဘာလက လွှင့်တင်ခဲ့သည့် အင်တာနက် search engine တစ်ခု ဖြစ်သည်။ ၎င်းကိုဂါဘရီယယ်ဝိန်းဘတ်ခ်က ဖန်တီးခဲ့သည်။ DuckDuckGo သည် သုံးစွဲသူ၏ privacy ကိုကာကွယ်ပေးနိုင်ပြီး ခြေရာခံလုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ခြင်းမရှိပေ။ အဆိုပါ search engine ကိုအသုံးပြုသူသည် တစ်လလျှင် ၁၃,၀၀၀,၀၀၀ ရှိသည်ဟုခန့်မှန်းရသည်။

(၉) Info.com
လန်ဒန်မြို့တွင် အခြေစိုက်သည့် meta search engine တစ်ခုဖြစ်သည်။ ၎င်းသည် လိုအပ်သည့် ရလဒ်များကိုနာမည်ကျော် search engine များ၏ ကိုယ်စားဖော်ပြပပေးသည်။ Info.com ကိုလည်ပတ် အသုံးပြုသူသည် တစ်လလျှင် ၁၃,၅၀၀,၀၀၀ ရှိသည်ဟုခန့်မှန်းရသည်။

(၈) Infospace.com
၁၉၉၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ ဘဲလ်ဗူမြို့တွင် အခြေစိုက်တည်ထောင်ခဲ့သည်။ ၎င်းသည် metasearch ကိုအထောက်အပံ့ပေးနိုင်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အင်တာနက်ရှာဖွေရေး ဝန်ဆောင်မှုများကိုလည်း အထောက်အပံ့ပေးသည်။ Infospace.com ကိုအသုံးပြုသူဦးရေသည် တစ်လလျှင် ၂၄,၀၀၀,၀၀၀ ခန့်ရှိသည်။

(၇) MyWebSearch.com
Alexa Internet ၏ နာမည်အကျော်ကြားဆုံး ဝက်ဘ်ဆိုက်စာရင်းတွင် အဆင့် ၇၃ ၌ ရပ်တည်နိုင်ခဲ့သည်။ MyWebSearch.com ကိုလည်ပတ်အသုံးပြုသူ ဦးရေသည် တစ်လလျှင် ၆၀,၀၀၀,၀၀၀ နီးပါးရှိသည်။

(၆) WebCrawler.com
၁၉၉၄ ခုနှစ် ဧပြီလတွင် တည်ထောင်ခဲ့သည့် metasearch engine တစ်ခုဖြစ်သည်။ Yahoo! Search နှင့် Google Search တို့တွင် တွေ့မြင်နိုင်သည့် ထိပ်တန်းရှာဖွေမှု ရလဒ်များကိုဖော်ပြပေးသည်။ WebCrawler.com ကိုလစသ်အသုံးပြုသူ ၆၅,၀၀၀,၀၀၀ ခန့်ရှိသည်။
 
(၅) Aol Search
Twitter, Facebook, Hotmail, Yahoo, eBay, Amazon, Pinterest နှင့် LinkedINအပါအဝင် နာမည်ကျော် ဆိုက်များမှ link များကိုအလျင်အမြန် ရှာဖွေပေးသည်။ AolSearch.com ကိုလစဉ်အသုံးပြုသူ ၇၅,၀၀၀,၀၀၀ ခန့်ရှိသည်။
 
(၄) Ask.com
မေးခွန်းမေးမြန်းပြီး အဖြေတောင်းဆိုနိုင်သည့် web search engine တစ်ခု ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် တည်ထောင်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အုပ်ခ်လန်းမြို့တွင် အခြေစိုက်သည်။ Ask.com ကိုအသုံးပြုသူဦးရေမှာ တစ်လလျှင် ၁၄၅,၀၀၀,၀၀၀ ခန့်ရှိသည်။
 
(၃) Yahoo! Search
၁၉၉၅ ခုနှစ် မတ်လတွင်တည်ထောင်ပြီး Yahoo Inc က ပိုင်ဆိုင်သည့် web search engine ဖြစ်သည်။ ဘာသာစကားပေါင်း ၄၀ ဖြင့် အသုံးပြုနိုင်ပြီးလစဉ် အသုံးပြုသူဦးရေ ၃၀၀,၀၀၀,၀၀၀ ခန့်ရှိသည်။
 
(၂) Bing.com 
MSN Search, Live Search နှင့် Windows Live Search ဟူ၍ လူသိများခဲ့သည့် နာမည်ကျော် web search engine တစ်ခု ဖြစ်သည်။ Microsoft က ဖန်တီးထားပြီး ၂၀၀၉ ခုနှစ် ဇွန်လတွင် လွှင့်တင်ခဲ့သည်။ ဘာသာစကားပေါင်း ၄၀ ခန့်ဖြင့် အသုံးပြုနိုင်ပြီးလစဉ် အသုံးပြုသူ ၃၅၀,၀၀၀,၀၀၀ ခန့်ရှိသည်။
 
(၁) Google Search 
ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံးနှင့် လူသုံးအများဆုံး search engine ဖြစ်သည်။ Google Inc က ပိုင်ဆိုင်ပြီး ၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် လွှင့်တင်ခဲ့သည်။ ဘာသာစကားပေါင်း ၁၂၇ မျိုးဖြင့် အသုံးပြုနိုင်ပြီး လစဉ်လည်ပတ် အသုံးပြုသူ ၁,၁၀၀,၀၀၀,၀၀၀ ခန့်ရှိသည်။
 
Ref: TopTeny

0 comments:

Post a Comment