Thursday, July 10, 2014

၂၀၁၄ ခုနှစ်တွင် phablet က tablet အမျိုးအစားသစ် ဖြစ်လာ


အာရှမှ ဈေးကွက်သုတေသနအဖွဲ့တစ်ခု၏ အစီရင်ခံစာသစ် တစ်ရပ်အရ phablet ဟုခေါ်သော အရွယ်အစားကြီးမားသည့် စမတ်ဖုန်းများသည် tablet များ၏ နေရာတွင် အစားထိုး နေရာယူလာကြောင်း သိရသည်။

အရွယ်အစား ကြီးမားသည့် စမတ်ဖုန်းများသည့် tablet များ၏ နေရာတွင် တစ်ဖြည်းဖြည်း အစားထိုး ဝင်ရောက်လာကြောင်း Digitimes မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သလို NPD DisplaySearch နှင့် IDC တို့၏ လေ့လာဆန်းစစ်မှုတွင်လည်း phablet များသည် tablet များအတိုင်း ပြည့်စုံလုံလောက်သည့် လုပ်ဆောင်ချက်များ ပြုလုပ်ပေးနိုင်ကြောင်း ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ်၏ tablet တင်ပို့ရောင်းချမှု တိုးတက်နှုန်းသည် အနည်းဆုံး ၅ ရာခိုင်နှုန်းသာ ရှိရန် မျှော်လင့်ထားကြောင်း Digitimes က ပြောကြားခဲ့သည်။

ထို့အပြင် Apple အနေဖြင့် iPad ဝယ်လိုအား နည်းပါးမည်ကို သုံးသပ်မိသောကြောင့် အရွယ်အစား ကြီးမားသည့် iPhone များ ထုတ်လုပ်ရောင်းချခြင်းကို အဆောတလျင် ပြုလုပ်ဖွယ်မရှိကြောင်း ဆိုသည်။

Apple သည် ကုမ္ပဏီ၏ ပထမဦးဆုံး ၅.၅ လက်မ ထုတ်ကုန်ဖြင့် phablet ဈေးကွက်အတွင်းသို့ ဝင်ရောက်ဖွယ်ရှိသလို လက်ရှိ ၄ လက်မ iPhone ကိုလည်း ၄.၇ လက်မသို့ တိုးမြှင့်ရန် စီစဉ်လျက်ရှိသည်။

Ref: CNET

0 comments:

Post a Comment