Thursday, July 10, 2014

လတ်စားမှု၊ ငွေကြေးခ၀ါချမှု နှင့် အခြား အဂတိလိုက်စားမှုများဖြင့် နယူးအော်လင်းမြို့တော်ဝန်ဟောင်း ထောင် (၁၀) နှစ်ချမှတ်ခံရ။


နယူးအော်လင်း မြို့တော်ဝန်အဖြစ်သက်တမ်းနှစ်ဆက် တာဝန်ထမ်းတောင်ခဲ့တဲ့ မြို့တော်ဝန်ဟောင်း Ray Nagin ဟာ
ပြီးခဲ့တဲ့ ဗုဒ္ဖဟူးနေ့ နံနက်ပိုင်း က ထောင်ဒါဏ် (၁၀) နှစ် ပြစ်ဒါဏ်ချမှတ်ခံခဲ့ရပါတယ်။

မြို့တော်ဝန်ဟောင်းဟာ ၂၀၀၆ ခုနှစ် အတွင်း တိုက်ခတ်ခဲ့တဲ့ ကက်ထရီးနား ဟာရီကိန်း မုန်တိုင်း ကာလအလွန် တွေအတွင်းမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနဲ့ ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းရှင်များထံမှ ထောင်ပေါင်းများစွာသော ဒေါ်လာငွေများကို လာဘ်လာဘအဖြစ် ရယူခဲ့တယ်ဆိုတဲ့ စွဲချက်များနဲ့ ပြစ်ဒါဏ်စီရင်ခြင်း ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အသက် ၅၈ နှစ်အရွယ်မြို့တော်ဝန်ဟောင်းဟာ ပြန်လည်တည်ဆောက်ရေးကာလအတွင်း ၄င်းရဲ့ မိသားစု စီးပွားရေးလုပ်ငန်းများကိုလည်း မလျော်ကန်တဲ့ အကျိုးအမြတ်များ ရရှိအောင်ဆောင်ရွက်ခဲ့တယ် လို့ဆိုပါတယ်။

ခရဇ်နှစ် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်များမှာ နှစ်ကြိမ်တိုင်ရွေးချယ်ခံခဲ့ရတဲ့ ဒီမိုကရက်တစ်တစ်ဦးဖြစ်တဲ့ မြို့တော်ဝန်ဟောင်းကတော့ သူမှာ အပြစ်မရှိကြောင်းနဲ့ စေတနာအမှားများသာဖြစ်ကြောင်း ခုခံချေပခဲ့ပါတယ်။

မြို့တော်ဝန်ဟောင်းဟာ ခန့်မှန်း အမေရိကန်ဒေါ်လာ ၅ သိန်းခန့်ကို စီးပွားရေးလုပ်ငန်းများထဲမှ အကြိမ်ကြိမ် လတ်လာဘအဖြစ်ရယူခဲ့တယ်လို့ ဆိုပါတယ်။

မြို့တော်ဝန်ဟောင်းဟာ Oakdale, La., ဗဟိုအကျဉ်းထောင်ကို လာမယ့် စက်တင်ဘာလမှာ ပြောင်းရွှေ့ ပြစ်ဒါဏ်ကျခံရမှာပဲ ဖြစ်ပါတယ်။

Ref: Associated Press

0 comments:

Post a Comment