Philippine Daily Inquirer နဲ့လုပ်တဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ Cortney Love က ဂန္တ၀င် Nirvana အဖွဲ့ရဲ့ရှေ့ထွက်လူ Kur Cobain ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် ကိုနောက်နှစ်အတွင်း စတင်နိုင်ဖွယ်ရှိကြောင်းပြောလိုက်ပါတယ်။ ဒီရိုက်ကူးမှုမှာ Cobain ရဲ့သမီးဖြစ်သူ Frances Bean နဲ့သူ့ရဲ့ Nirvana ၀ိုင်းဖေါ်ဟောင်းတွေလိုပဲ သူမကိုယ်တိုင်လည်းပါဝင်မယ်လို့ Love ကပြောပါတယ်။
‘အတ္ထုပ္ပတ္တိရုပ်ရှင် ကို နောက်တစ်နှစ်အတွင်းမှာ စဖို့ရှိပါတယ်’ လို့ the inquirer ကိုပြောပါတယ်။ Kurt နေရာမှာသရုပ်ဆောင်မယ့် သူကိုရွေးတာနဲ့ ပတ်သတ်ပြီးတော့ သူမက ‘ဒီဆုံးဖြတ်ချက်ကိုချတဲ့ သူမဖြစ်ချင်ပါဘူး။ ဒီကိစ္စကို အေးဂျင့်တွေနဲ့ပဲလွှတ်ထားပါရစေ။ ကျွန်မမှာ ကောင်းမွန်လှတဲ့ အေးဂျင့်တွေရှိပါတယ်။ ဒါပေမယ့် ကျွန်မဒီကိစ္စမှာ ၀င်ပြောခွင့်ရှိပါလိမ့်မယ်’ လို့ပြောပါတယ်။
သူမကက Cobain နေရာမှာပါဝင်သရုပ်ဆောင်လိုတဲ့ သရုပ်ဆောင်တွေရဲ့ တောင်းဆိုမှုများစွာအကြောင်းကိုလည်းပြောပါတယ်။ ‘နာကျင်ကြေကွဲနေတဲ့အသွင်အပြင်ရှိတဲ့ လှပ၊ ချောမောတဲ့ ဆံပင်အ၀ါရောင် သရုပ်ဆောင်ကောင်လေးတစ်ယောက်က ကျွန်မကို လာကြူတယ်။ ဘာဖြစ်လို့လဲ။ သူက Kurt နေရာမှာ သရုပ်ဆောင်ချင်လို့တဲ့။ ဒါကြောင့် ကျွန်မဒီကိစ္စကို အေဂျင်စီတွေဘက်ကိုလွှဲပေးလိုက်မယ်။ ကျွန်မက Cecil B. DeMille ဒါမှမဟုတ်အဲဒီ့လိုမျိုးမဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင် ထုတ်လုပ်သူလည်းမဖြစ်ချင်ပါဘူး’ လို့ပြောပါတယ်။
‘ကျွန်မဒီကိစ္စမှာ ၀င်ရောက်ပြောဆိုခွင့်ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး Nirvana ပါဝင်လာမယ်ဆိုရင် Krist [Novoselic] နဲ့ Dave [Grohl] တို့လည်းအတူတူပါပဲ။ ကျွန်မက ဒီကိစ္စမှာ ဦးဆောင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက ဒါကိုလုပ်ရမယ့်အချိန်မို့လို့ပါ’ လို့ သူမကပြောပါတယ်။
Ref:altpress.com
0 comments:
Post a Comment