နာမည်ကြီး ပေါ့ပ်အဆိုတော် ဂျနီဖာလိုပက်ဇ် အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြန်လည်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန်ခဲ့သည်။
ဂျနီဖာလိုပက်ဇ်၊ ရက်ပ်အဆိုတော် Pitbull၊ ဘရာဇီးလ်အဆိုတော် ကလော်ဒီယာလိုင်တီတို့ သီဆိုထားသည့် We Are One သီချင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင်သီချင်းဖြစ်ပြီး ဂျနီဖာလိုပက်ဇ်အနေဖြင့် မူလက ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေရန် စီစဉ်ထားသော်လည်း ထုတ်လုပ်မှုပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် ယင်းအခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။ သို့သော် FIFA နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ကော်မတီတို့ ပူးပေါင်းညှိနှိုင်းခဲ့ပြီးနောက် ဂျနီဖာလိုပက်ဇ် ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၂ ရက် (ယနေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
Ref:AFP
0 comments:
Post a Comment