Thursday, June 12, 2014

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမလာခြင်းသည် လုံလောက်သောဓာတ်အားမရှိ၍ ဖြစ် မြန်မာနိုင်ငံ၏လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ် အားမရှိမဖြစ်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသုံးသပ်ပြောကြား



ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ယနေ့ခေတ် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမလာခြင်းမှာ လုံလောက်သောလျှပ်စစ်ဓာတ်အား မရှိခြင်းကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံ၏လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်လိုအပ်ကြောင်း ယနေ့ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် သုံးသပ်ပြောကြားသည်။
ထို့အတူ လျှပ်စစ်ဓာတ်အား မလုံလောက်သည့်ကိစ္စသည် တစ် နိုင်ငံလုံး၏အရေးဖြစ်သည်ဟုယူဆ ရမည်ဖြစ်ကြောင်း ဆက်လက်ပြော ကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက ယနေ့ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် လောက် ကိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးကျော်နီနိုင် မေးမြန်းသော သံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခုနှင့်ပတ်သက်၍ ကောင်းကျိုးဆိုးကျိုးများသုံးသပ် ပြီး ဆောလျင်စွာအကောင်အထည် ဖော်ရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရှင်းလင်း တင်ပြရန်အစီအစဉ်ရှိ မရှိ မေးခွန်း မေးမြန်းဖြေကြားအပြီးတွင် အထက် ပါအတိုင်းသုံးသပ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
မေးခွန်းနှင့်စပ်လျဉ်း၍လျှပ်စစ် ဓာတ်အားမရရှိသေးသောပြည်သူ သန်း၎ဝကျော်အတွက် ဓာတ်အားခ ဈေးအသက်သာဆုံးဖြစ်သည့် ရေ အားလျှပ်စစ်စီမံကိန်းများကို ဆက် လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ပြီး အဆိုပါသံလွင်မြစ်ပေါ်တွင် ဆောင်ရွက်မည့်ရေအားစီမံကိန်း ခြောက်ခုလုံး ပြီးစီးသွားပြီဆိုပါက ခန့်မှန်းတပ်ဆင်စက်အင်အားအနေ ဖြင့် ၁၅၁၈၅ မဂ္ဂါဝပ်ရရှိမည်ဖြစ် ကြောင်း၊ သံလွင်မြစ်၏ နှစ်စဉ် စီးဆင်းရေများကို အကျိုးရှိစွာအသုံး ချနိုင်ရေးအတွက် စဉ်းစားရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊လူမှုပတ်ဝန်း ကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေ ရေးထည့်သွင်းစဉ်းစားဆောင်ရွက် လျက်ရှိပါကြောင်း၊ ငလျင်ဒဏ်ခံ နိုင်ရေးကိစ္စကိုလည်း လုံလောက် စွာထည့်သွင်းတွက်ချက်ဆောင်ရွက် လျက်ရှိပါကြောင်းဖြင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမော်သာထွန်းက ရှင်းလင်းဖြေ ကြားခဲ့သည်။
''အခုဒုတိယဝန်ကြီးရှင်းလင်း တင်ပြသလို ဒီနေ့လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လျှပ်စစ် ဓာတ်အားဟာ မရှိမဖြစ်လိုအပ်မှာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလာရောက်လုပ်ကိုင်မယ်ဆိုလို့ရှိရင် လုံ လောက်သော လျှပ်စစ်ဓာတ်အားမရှိတဲ့အတွက် မလာခြင်းဖြစ်ပါတယ်။ အဲဒီနည်းတူပဲ ပြည်သူတွေရဲ့လူမှု စီးပွားရေးဘဝဟာလဲ လျှပ်စစ်မရတဲ့အတွက်၊ မလုံလောက်တဲ့အတွက် ဒီကိစ္စဟာ တစ်နိုင်ငံလုံးရဲ့အရေး ဖြစ်တယ်လို့ ယူဆတဲ့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ စီစဉ်ထားတဲ့အစီအစဉ်များကို အခုလိုရှင်းလင်းတင်ပြပေးမယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ပြည်သူများမှန်ကန်စွာ နားလည် သဘောပေါက်သွားမယ့်ကိစ္စတစ်ခုဖြစ်မယ်လို့ ယူဆပါတယ်။ တချို့ကျတဲ့အခါကျတော့ မသိဘူး။ မသိတဲ့အတွက် တချို့ယုန်ထင်ကြောင်ထင်ဖြစ်တဲ့ကိစ္စတွေလဲ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘာပဲလုပ်လုပ် ခေတ်စနစ်နဲ့အညီဆိုရင်တော့ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူဖို့တာဝန်ခံဆောင်ရွက်ဖို့ဆို တာ မလွဲမသွေလိုအပ်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒါကြောင့်မေးခွန်းရဲ့လိုရင်းကတော့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ တာဝန်ယူတာဝန်ခံဆောင်ရွက်ရမယ့်ကိစ္စရပ်များကို ဒီလိုရှင်းပြခြင်းဖြင့် အများအတွက် အကျိုးရှိမှာဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကျင်းပတဲ့ အချိန်ပေးနိုင်တဲ့ရက်မှာ လာရောက် ရှင်းလင်းတင်ပြဖို့ စီစဉ်ထားပါလို့ပြောချင်ပါတယ်''ဟု သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

The Union Daily

0 comments:

Post a Comment