အီကွေတာဟာ ကမ္ဘာ့နေရာအသီးသီးကနေ ဖြတ်သန်းသွားရာမှာ ရာနဲ့ချီတဲ့ နေရာတွေကို ဖြတ်သန်းသွားပေမယ့် အဲဒီလိုဖြတ်သန်းသွားခြင်းအတွက် ဂုဏ်ယူနေတဲ့ နိုင်ငံတစ်နိုင်ငံရှိပါတယ်။ အီကွေဒေါနိုင်ငံပဲ ဖြစ်ပါတယ်။ Ecuador ကို စာပေသဘောအရ ဘာသာပြန်လိုက်တဲ့အခါမှာ Equator အီကွေတာလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီ အီကွေဒေါနိုင်ငံရဲ့ အီကွေတာမျဉ်းဖြတ်သန်းသွားတဲ့နေရာမှာ မီတာ ၃၀ မြင့်တဲ့ အထိမ်းအမှတ်ကျောက်တိုင်တစ်ခု တည်ဆောက်ထားပြီး အီကွေတာမျဉ်းကို ရေးဆွဲထားပါတယ်။ အဲဒီ အထိမ်းအမှတ်ကျောက်တိုင်ကိုလည်း ကမ္ဘာ့ဗဟိုချက်လို့ အမည်ပေးထားပါတယ်။ ဒါပေမယ့် လက်ရှိခေတ်မီ GPS များနဲ့တိုင်းတာလိုက်တဲ့အခါ အဲဒီမျဉ်းရဲ့ မြောက်ဘက် ၂၄၀ မီတာအကွာမှာ အီကွေတာမျဉ်းရှိတယ်လို့လည်း သိရပါတယ်။
ငွေတာရီ
0 comments:
Post a Comment