Tuesday, February 4, 2014

အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အလုပ်ဖြစ်ရန်လိုဟု ဒေါ်စုပြော

ပြည်ထောင်စုလွှတ်တော်တွင် တစ်သီးပုဂ္ဂလအပါအ၀င် နိုင်ငံရေးပါတီ ၂၁ ခုရှိသည့်အနက် ပါတီငယ် ကိုးခုတို့ မပါဝင်ဘဲ အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းအတည်ပြုလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင် ရေး အကောင်အထည်ဖေါ်မှု ကော်မတီ အလုပ်ဖြစ်ရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၃ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာကို ပြောကြားသည်။

“ကော်မတီရဲ့ သဘောသဘာဝကိုက အလုပ်ဖြစ်ဖို့လေ။ ကျွန်မကတော့ ကော်မတီသေးလေ ကောင်း လေပဲလို့ ယူဆပါတယ်။ ကော်မတီက အလုပ်လုပ်နိုင်မလားဆိုတာတော့ စောင့်ကြည့် ရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

အဆိုပါ ၃၁ ဦးကော်မတီတွင် ပြည်သူ့လွှတ်တော်အမတ် ၁၀ ဦး၊ အမျိုးသားလွှတ်တော်အမတ် ၁၀ ဦးနှင့် တပ်မတော် သားကိုယ်စားလှယ်ခုနစ်ဦးတို့ ပါဝင်ကြပြီး ၎င်းတို့တွင် ပြည်ခိုင်ဖြိုး ပါတီဝင် ၁၄ဦး၊ NLD ပါတီ ၀င် နှစ်ဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တစည ပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ဖလုံစဝေါ် အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့မှ တစ်ဦးစီ ပါဝင်သည်။

ကျန်ပါတီငယ် ကိုးဦးတို့ကမူ အဆိုပါ အကောင်အထည်ဖေါ်မှု ကော်မတီတွင် ပါဝင်ခွင့်မရဘဲ ကော်မတီ အစည်းအဝေးများကို တက်ရောက်ဆွေးနွေးခွင့် ရှိကြောင်း၊ သို့ရာတွင် ကော်မတီ အတွင်းဆုံး ဖြတ်ချက် ချရာ၌ ဆန္ဒမဲပေးခွင့် မရှိကြောင်း သိရသည်။

NLD ပါတီဝင် နှစ်ဦးသာပါရှိခြင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကျေနပ် ပါကြောင်း လုပ်ရည် ကိုင်ရည်သာ အဓိကကျကြောင်း၊ အမှန်အားဖြင့် နောက်ဆုံးတွင် ၎င်းကော်မတီက တင်ပြလာသမျှကို လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဆုံးဖြတ်ကြ ရမည်သာဖြစ်ကြောင်း၊ ထိုသို့ဆုံးဖြတ်ရာတွင် မိမိတို့ ရပ်တည်ချက်ကို သတိ္တရှိရှိဖြင့် တစ်နိုင်ငံလုံးသိသွားအောင် ရှင်းပြကြစေလိုကြောင်းလည်း ဖြည့်စွက်ပြော ကြားခဲ့သည်။

Mizzima

0 comments:

Post a Comment