Tuesday, September 17, 2013

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်တွဲဖက်ကာ ပြည်ပလုပ်ငန်းရှင်တချို့ အရင်းအနှီးငွေမရှိဘဲ ပွဲစားသဖွယ်လုပ်ကိုင်နေမှုများရှိနေဟုဆို

ပြည် တွင်း စီးပွားရေးလုပ်ငန်းရှင်များ နှင့်တွဲဖက်ကာ ရင်းနှီးမြှုပ်နှံမှုလာ ရောက်ပြုလုပ်သော ပြည်ပလုပ် ငန်းရှင်တချို့မှာ အမှန်တကယ် အရင်း အနှီးငွေမရှိဘဲ ပွဲစားသဖွယ်လုပ်နေမှုများရှိနေကြောင်း ပြည်တွင်း လုပ်ငန်းရှင် များထံမှသိရသည်။
ယင်းကဲ့သို့ ပြည်ပနိုင်ငံများ မှ ရင်းနှီးမြှုပ်နှံမှုလာရောက်ပြုလုပ်သော လုပ်ငန်းရှင်များမှာ ယင်းတို့နိုင်ငံရှိ အရှုံးပြနေသောလုပ် ငန်းဝင်ငွေများကြောင့် ကုမ္ပဏီ နာမည်အလွဲများဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်း များတွင် ရှယ်ယာဝင် ဖက်စပ်လုပ်နေမှုများရှိ နေကြောင်း ဒိုဆင်း(မ်) အင်ဂျင်နီယာလုပ်ငန်းနှင့် ဆောက် လုပ်ရေး ကုမ္ပဏီလီမိတက်၏ Executive Director ဦးမောင်မောင်လွင်က ပြောသည်။

ဦးမောင်မောင်လွင်က''နိုင်ငံ ခြားက င်္ှီုဆိုတိုင်း အထင်ကြီး ပြီးလက်တွဲလုပ်လို့မရပါဘူး။ သူ တို့နိုင်ငံက လုပ် ငန်းနောက်ကြောင်း နဲ့ဝင်ငွေတွေကို သေချာလေ့လာ ပြီးမှလက်ခံရပါမယ်။ ပြည်ပက တချို့ကုမ္ပဏီတွေက သူတို့ကုမ္ပဏီ ရဲ့ အရှုံးငွေတွေကို အမြတ်စာရင်း ပြပြီး ပြည်တွင်းလုပ်ငန်းတွေမှာ အရင်းအနှီး နည်းနည်းရှယ် ယာ ဝင်ထည့်ပြီး ပွဲစားလာလုပ်တာ မျိုးတွေရှိပါတယ်''ဟု ပြောသည်။

အဆိုပါ ဒိုဆင်း(မ်)အင်ဂျင် နီယာလုပ်ငန်းနှင့် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ မြန်မာ့ရင်းနှီး မြှုပ်နှံ မှုကော်မရှင်မှပေးသော ယခင်မြန်မာ့ မီးရထားရုံးချုပ်အ ဆောက်အအုံဟောင်းအား အဆင့်မြင့်ဟိုတယ် အဖြစ် ပြုလုပ်ခွင့် တင်ဒါ ဝင်လျှောက်ရာတွင် အဆိုပါကုမ္ပဏီနှင့် ပူးပေါင်းခဲ့သည့် ကိုရီးယားကုမ္ပဏီမှ ယင်းသို့ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ရက်က အဆိုပါရုံးတည်ရှိရာ ဗိုလ်တထောင်မြို့နယ် အမှတ်( ၃၅၁/ ၃၆၁) ကုန်သည်လမ်း တွင် ယခင် မြန်မာ့မီးရထားရုံးချုပ် အဆောက် အအုံဟောင်းအား အဆင့်မြင့်ဟို တယ်အဖြစ် မွမ်းမံပြုပြင် ဆောင်ရွက်နေသည့်အစီအစဉ်များအား စက်တင်ဘာ ၁၄ ရက်က သတင်း မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း ပွဲတွင် ယင်းသို့ပြောခြင်းဖြစ်သည်။


ဦးမောင်မောင်လွင်က ''တင် ဒါဝင်ပြိုင်တုန်းက ကိုရီးယားက ကုမ္ပဏီလေးခုနဲ့အတူတူ လက် တွဲပြီးဝင်ပြိုင် တာ။ တင်ဒါအောင် တဲ့အချိန်မှာ မြေငှားရမ်းခတွေပေး ရမယ်ဆိုတော့ သူတို့သဘောနဲ့ သူတို့ မလုပ်တော့ ဘူးဆိုပြီး ပြန်ထွက်သွားတယ်။ နောက်လုပ်ငန်း အရှိန်ကောင်းလာတော့ ထွက်သွားတဲ့အထဲက ကုမ္ပဏီ တစ်ခုက ကျွန်တော်တို့ကို အသိမပေးဘဲ ဒီတင် ဒါက သူတို့နဲ့လဲ ဆိုင်ပါတယ်ဆိုပြီး တိုင်းဒေသကြီး အစိုးရဆီမှာ ဝင်ဆွေးနွေးတယ်။ သူတို့နိုင်ငံက ကုမ္ပဏီကို လေ့လာကြည့်တော့ နာမည်လွဲနေတဲ့အပြင် ဝင်ငွေအ ရှုံးတွေကို အမြတ်စာရင်းလုပ်ပြီး လိမ်ပြထားတာ တွေ့ရတယ်။ တော်တော်ရှင်းယူလိုက်ရတဲ့ အ တွက် လက်တွဲလုပ်မယ်ဆို တကယ် ငွေရှိပြီး လုပ်နိုင်တဲ့သူလားဆိုတာ လေ့လာပြီးမှ လက်ခံသင့်တယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ် နှံမှုပြုလုပ်လိုသော လုပ်ငန်းရှင် များအနေဖြင့် မြန်မာ့ရင်းနှီးမြှုပ် နှံမှုကော်မရှင်တွင် ကုမ္ပဏီမှတ် ပုံတင်ပြီးမှသာ ရင်းနှီးမြှုပ်နှံခွင့် ပေးခြင်းဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံ တော်သမ္မတအကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ''လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကတော့ လက်ချည်းသက်သက်လာမှာမဟုတ်ဘူး။ ဒီလိုလိမ် ချင်တဲ့သူတွေအတွက် အခွင့်အ ရေးမရအောင် ပြည်ပကရင်းနှီး မြှုပ်နှံချင်သူတွေနဲ့ လက်တွဲလုပ် မယ့်လုပ်ငန်းရှင်တွေက အလွယ် တကူအထင်ကြီးပြီး လက်မခံဖို့ လိုတယ်။ အဓိကဒီလိုအလိမ်မခံ ရဖို့ဆိုရင် လက်တွဲလုပ်မယ့်လုပ် ငန်း ရှင်တွေ က နိုင်ငံခြားလုပ်ငန်း ရှင်တွေကို အလွန်အမင်းအထင် မကြီးဖို့လိုတယ်''ဟု သုံးသပ်သည်။

Yangon Media Group

0 comments:

Post a Comment