Tuesday, February 4, 2014

၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ အခြေခံပညာသင်ရိုး ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချမည်

လာမည့် ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ အခြေခံပညာသင်ရိုးများကို အရည်အသွေး မထိခိုက်စေဘဲ မူလ တန်းအဆင့်တွင် ၂၀ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်တွင် ၁၁ ရာခိုင်နှုန်း၊ အထက်တန်းအဆင့်တွင် ၁၁ ရာခိုင်နှုန်း လျှော့ချပြုပြင်ထားသည့် သင်ရိုးမာတိကာ၊ သင်ရိုးညွှန်းတမ်းများနှင့်ကျောင်းသုံးဖတ် စာအုပ် များကို အသုံးပြုပြီး သင်ကြားရေးကို စီစဉ်ဆောင်ရွက်နေသည်ဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး
ဒေါက်တာ ဇော်မြင့်အောင်က ဖေဖော်ဝါရီလ ၃ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောသည်။

၎င်းက “အခြေခံပညာကျောင်းသားများအတွက် လေ့လာဆွေးနွေးချိန် ပိုမိုရရှိအောင် ဆောင်ရွက်ထားရှိ ပြီး အဆိုပါ သင်ရိုးပြုပြင်ထားတဲ့ ဖတ်စာအုပ်များဖြင့် ၂၀၁၄-၁၅ ပညာသင်နှစ်မှစပြီး သင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။

ထို့ပြင် လက်ရှိသင်ကြားနေသော အခြေခံအဆင့် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ၊ ကျောင်းသုံး စာအုပ်များ ပါဝင်သော သင်ခန်းစာများနှင့်စပ်လျဉ်းပြီး အခြေခံပညာ ကျောင်းများအတွက် လေ့လာသင့် သည့်ပမာဏထက် ပိုမိုများပြားနေမှုများကို စိစစ်မည်ဟု ၎င်းက ပြောသည်။

အခြေခံပညာအဆင့် ကျောင်းများ၏သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများကို ပြုပြင်ပြောင်းလဲရေး ဆွဲထားပြီး ဖြစ်ပါသဖြင့် ကိုယ်စားလှယ်တော်ကြီး အကြံပြုသည့် “နည်းနည်းသင်၊ များများလေ့လာ” သဘော တရားကို ကျောင်းသားများကိုယ်တိုင် များများလေ့လာသင်ယူနိုင်သော နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိသည့် သင်ခန်းစာများ ပါဝင်နိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

၂၀၁၄- ၁၅ ခုနှစ်၊ ပညာသင်နှစ်မှစ၍ အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းအုပ် တစ်ဦး အပါ အ၀င် ဆရာ၊ ဆရာမငါးဦးဖြင့် တိုးချဲ့ဖွဲ့စည်းမည်ဟုလည်း ၎င်းက ပြောသည်။

၎င်းက “၂၀၁၄-၁၅ ခုနှစ် ပညာသင်နှစ်မှာ အခြေခံပညာမူလတန်းကျောင်းတွေမှာ ကျောင်းအုပ်တစ်ဦး အပါအ၀င် ဆရာ၊ ဆရာမ ငါးဦးအထိတိုးချဲ့ဖို့ စီစဉ် နေပါတယ်” ဟု ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် ၈ မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည် က လာမည့်ပညာသင်နှစ်တွင် အခြေခံပညာအဆင့် ကျောင်းများ၏ သင်ရိုးကို ပြောင်းလဲရန် ရှိ၊ မရှိနှင့် ပြင် ဆင်ရေးဆွဲခဲ့လျှင် နည်းနည်းသင်၊ များများလေ့လာ မှုများ ပါဝင်သော သင်ရိုးညွှန်းတမ်းများဖြစ်ရန် ရေးဆွဲ ထားခြင်း ရှိ၊ မရှိ မေးမြန်းမှုကို ဖြေကြား ရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

Mizzima

0 comments:

Post a Comment