
အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးနည်းဥပဒေပြဋ္ဌာန်းပြီး သည့်အချိန်အထိ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာ ချုပ်ချုပ်ဆိုခြင်းမရှိပါက ဥပဒေ ပါ ပြစ်ဒဏ်များအတိုင်း အလုပ်ရှင်များအား အလုပ်ရုံ၊ အလုပ်သ မားဥပဒေရေးရာဌာနမှ အရေးယူ သွား မည်ဖြစ်ကြောင်း သိရသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်သည် အလုပ်သမား၏ ရသင့်ရထိုက်သည့် အခွင့် အရေးများတောင်းဆိုရာတွင် အလွန်အရေးပါခြင်းကြောင့် ချုပ်ဆိုရန်မရှိမဖြစ် လိုအပ်ကြောင်း၊ အဆိုပါ ဥပဒေ၏ နည်းဥပဒေအ မြန်ဆုံးထွက်ရှိနိုင်ရန် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရေးဆွဲမှု များပြု လုပ်နေပြီဖြစ် ကြောင်း အလုပ်ရုံ၊အလုပ်သမား ဥပဒေရေးရာဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်ကပြော သည်။
ဦးဝင်းရှိန်က ''အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆို မှုက အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် ခုအလုပ်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက် ရေးဥပဒေကို အသုံးပြုဖို့နည်း ဥပဒေထွက်ရှိပြီး တာနဲ့ ဥပဒေမှာ ပါရှိတဲ့ ပြစ်ဒဏ်တွေအတိုင်း စာချုပ်မချုပ်တဲ့ အလုပ်ရှင်ကို အရေးယူသွားမှာပါ။ တရားစွဲသင့်ရင်စွဲ မယ်။ ဥပဒေပါ အတိုင်း လေးစား ဆောင်ရွက်ရမယ်ဆိုတဲ့အချက်နဲ့ ပေါ့''ဟု ပြောသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကိုအ လုပ်ရှင်များမှ ချုပ်ဆိုပြီးပါကလည်း အလုပ် သမား ညွှန်ကြားမှုဦးစီးဌာနသို့ ယင်းစာချုပ် မိတ္တူကိုပြန် လည်ပေးပို့ရမည်ဖြစ်ကြောင်း ပြောသည်။ စက်ရုံ၊ အလုပ်ရုံ များသို့ အလုပ်ဝင်ပါက ယင်းစက်ရုံများမှ ထုတ်ထားသည့် ဖောင်များတွင် သာဖြည့်၍ အလုပ် ဝင်ရောက်လုပ်ကိုင်ရပြီး ယင်းဖောင်များတွင်ပါရှိသည့် စည်းကမ်းပါအချက်များကိုပင် အလုပ်ရှင်များမှ လိုက်နာ ဆောင်ရွက်ခြင်းမရှိသည့်အတွက် အလုပ်သမားများအားအလုပ် ထုတ်ပယ်ခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း အလုပ် သမားများထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ World Fashion အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်း ဆောင် ဦးမျိုးမင်းမင်းက ''ကျွန်တော်တို့စက်ရုံမှာ အလုပ်ရှင်အလုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ဆို ထားတာတော့ ရှိပါတယ်။ ဒါပေမဲ့တရားဝင်ပြဋ္ဌာန်းပေးထားတဲ့ စာချုပ်တော့မဟုတ်ပါဘူး။ အလုပ်ရှင် အလုပ်သမားနားလည်မှု နဲ့ ချုပ်ထားတဲ့စာချုပ်သဘော လောက် ပါပဲ''ဟု ပြောသည်။
ဩဂုတ် ၃၀ ရက်တွင် အလုပ်သမားများအတွက် 'အလုပ်အကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ကို ပြဋ္ဌာန်းပေးခဲ့ပြီး ယင်းဥပဒေ၏ အခန်း(၃)တွင်လည်း အလုပ်ရှင်သည် အလုပ်သမားအား အလုပ်လုပ် ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက် စာချုပ်ချုပ်ဆို ရမည်ဟုပါရှိပြီး ယင်းစာချုပ်တွင်လည်း လုပ်ငန်းခွင်စည်းကမ်းများနှင့် အလုပ်သမား များ၏အကျိုးခံစားခွင့် များသည်လည်း တည်ဆဲဥပဒေတစ်ရပ်ရပ်ပါခံစားခွင့်များအောက်လျော့နည်း ခြင်းမရှိစေရဟူ၍ ပါရှိသည်။
နိုင်ငံတော်သမ္မတကြီးမှ လည်း ဥပဒေအားပြဋ္ဌာန်းပြီးပါက နည်းဥပဒေကို လွှတ်တော်စည်း မျဉ်းစည်းကမ်း များနှင့်အညီရက် ပေါင်း ၉ဝအတွင်းပြဋ္ဌာန်းသင့် ကြောင်း ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်း အဝေး ၂ရ ရက်မြောက်နေ့တွင် သဘောထား မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
Yangon Media Group
0 comments:
Post a Comment