
အသက်ပါလှတဲ့ အံ့ဖွယ်ရုပ်တု တစ်ခုကို Wellesley ကောလိပ်မှာ ထားရှိထားပါတယ်။ အဲ့ဒီ့ရုပ်တုဟာ အမျိုးသားတစ်ယောက် အိပ်တစ်ဝက်လမ်းလျှောက်နေပုံ ဖြစ်ပြီး သူ့ချည်းသက်သက်တော့ ဘာမှအပြစ်ဆိုစရာ မရှိပေမယ့် အဲ့ဒီ့ ရုပ်တုဝတ်ထားတဲ့ အတွင်းခံကတော့ Wellesley ကောလိပ် ကျောင်းသူတွေကို နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်စေပါတယ်။ ဒါပေမဲ့ Wellesley ကောလိပ် (အမျိုးသမီးကျောင်း) ကျောင်းအုပ်ကတော့ “အဲ့ဒီ့အပိုင်းက ပညာသားပါတယ်။” လို့ပြောပါတယ်။
ဖုတ်ကောင်လိုမျိုး သိမှုမဲ့ မျက်လုံးပိတ်ထားတဲ့ လူတစ်ယောက် “အိပ်တစ်ဝက် လမ်းလျှောက်သူ” ဆိုပြီး ဒီရုပ်တုကို နာမည်ပေးထားပါတယ်။ Wellesley ကောလိပ်က Davis ပြတိုက်မှာ ပြမယ့် ပန်းပုပညာရှင် Tony Matelli ရဲ့ လက်ရာတွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ပြပွဲတရားဝင် မဖွင့်လှစ်ခင် ကာလ ဖေဖော်ဝါရီလ နံနက်အစောပိုင်း ကျောင်းရဲ့လူစည်ကားတဲ့နေရာမှာ ဒီရုပ်တုကိုထားတာကို တွေ့မြင်ခဲ့ရတာဖြစ်ပြီး ဒီရုပ်တုကို ဖယ်ရှားပစ်ဖို့ ကျောင်းသူတစ်ယောက်က အွန်လိုင်းကနေ တောင်းဆိုခဲ့ပါတယ်။
ဒီရုပ်တုဟာ “စိုးရိမ်ကြောင့်ကျမှု၊ ကြောက်လန့်မှုတွေရဲ့ ရင်းမြစ်ဖြစ်ပြီး လိင် အကြမ်းဖက်မှုနဲ့ စပ်ဆက်တဲ့ အတွေးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။” လို့ လက်မှတ် ၃၀၀ ပါ လျှောက်လွှာ တစ်ခုအရ သိရပါတယ်။ အဲ့ဒီ့လျှောက်လွှာဟာ ရုပ်တုကိုဖယ်ရှားပေးဖို့ ကျောင်းအုပ်ထံ အနူးအညွတ် အသနားခံစာပါ။
“အံ့မခန်းအနုလက်ရာတွေမှာ စိတ်ခံစားချက်တွေကို နက်နက်ရှိုင်း လှုံ့ဆော်ပေးနိုင်တဲ့ စွမ်းအားရှိနေတယ်။ ပြီးတော့ မမျှော်လင့်ထားတဲ့ အကြံဉာဏ်သစ်တွေကိုလည်း ဆွပေးတယ်။ ဒီရုပ်တုဟာလည်း အံ့မခန်းအနုလက်ရာဖြစ်တဲ့အတွက် အဲ့ဒီ့အတိုင်းပဲ။” ဆိုပြီး ကျောင်းအုပ် Bottomly နဲ့ ပြတိုက်ညွှန်ကြားရေးမှုး Lisa Fischman တို့နှစ်ယောက်ဟာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်လိုက်ပါတယ်။
သီဟနိုင်
Trend Myanmar
 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment