
အကယ်ဒမီ အိန္ဒြာကျော်ဇင်ကို လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ အတူ သူမရဲ့သမီးလေးဖြစ်တဲ့ ပြေသုန္ဒြာအပေါ်မှာ မိခင်တစ်ယောက်ရဲ့သားသမီးအပေါ်မှာထားတဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်တဲ့အခါ ‘အစ်မ ပြီးခဲ့တဲ့လမှာ ရိုက်ဖြစ်ခဲ့တာက ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်တဲ့ ဗီဒီယိုဇာတ်ကားလေးပေါ့။ မင်းသားကတော့ မြင့်မြတ်ပါ။
ဒီတစ်လအတွက်ကတော့ ဓာတ်ပုံရိုက်စရာပဲရှိမယ်။ ပြက္ခဒိန်တွေနောက်ပြီးတော့ ဖွင့်ပွဲအတွက် လက်ခံထားတဲ့ ပွဲလေးတွေ သွားဖို့ရှိပါမယ်။ အစ်မက တစ်လတစ်ကားပဲ ရိုက်တာဖြစ်တဲ့အတွက်ကြောင့် ဒီလမှာ ဇာတ်ကားရိုက်ဖို့ လက်ခံထားတဲ့ ကားတစ်ကားရိုက်ဖို့ ရှိပါမယ်။’လို့ သူမက ဖွင့်ဟပါတယ်။
၂၀၁၄မှာ အနုပညာရှင်တော်တော်များများရဲ့ မင်္ဂလာပွဲကျင်းပတဲ့ နှစ်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း သူမက ‘အရမ်းကောင်းပါတယ်။ အကုန်လုံးက သူ့အချိန်လေးနဲ့ သူ့အရွယ်လေးတွေနဲ့ ရောက်ကုန်ပြီဖြစ်ကြတဲ့အတွက် သူ့အချိန်အခါရောက်လို့ လက်ထက်ကြ တာလို့ မြင်ပါတယ်။ ချစ်တဲ့သူနဲ့တွေ့လို့ အချင်းချင်း လက်ထက်ကြတယ် ဆိုတော့ ကောင်းတယ်လို့ပဲ ယူဆရပါတယ်’တဲ့။
အူဝဲဟာ သူမရဲ့ သမီးလေးကြောင့် ဇာတ်ကားတွေကို တစ်လတစ်ကား စီစစ်ရိုက်ကူးနေသူမို့ အဲ့ဒီအကြောင်းကိုတော့ ‘အစ်မအခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး တစ်လနေမှ တစ်ကားပဲရိုက်ဖြစ်ရတာကလည်း သမီးလေး ပြေသုန္ဒြာလေးကြောင့်ပါပဲ။ တစ်လတစ်ကား ဆိုတာကလည်း ခြောက်ရက်၊ ခုနှစ်ရက်လောက်ပဲ ဇာတ်ကားတစ်ကားက ရိုက်ရတာဆိုတော့ ကျန်တဲ့အချိန်တွေကို သမီးလေးအတွက်ပဲ ပေးထားပါတယ်။ မိဘဆိုတာ ကတော့ ကိုယ့်ရဲ့သားသမီးနဲ့ ပတ်သက်လာရင် အကောင်းဆုံးတွေပဲ ဖြစ်စေချင်ကြတာပဲလေ။ အဲဒီအတွက် သမီးလေးအပေါ်မှာလည်း အကောင်းဆုံးတွေပဲ မျှော်လင့်ချင်ပါတယ်။
မျှော်လင့်ထားပါတယ်။ ပရိသတ်အတွက်ကတော့ အစ်မတို့အနေနဲ့ အမြဲတမ်း ဘယ် အလုပ်ကိုမဆို၊ အနုပညာအလုပ်တွေ လုပ်တဲ့အခါမှာလည်း ပရိသတ်အပေါ်မှာ အကောင်းဆုံးပေးဆပ်ချင်တဲ့အတွက် အမြဲတမ်းကြိုးစားနေပါတယ်’လို့ သူမက ဖွင့်ဟပြောပြ ခဲ့ပါတယ်။
Trend Myanmar
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment