Wednesday, April 24, 2013

ပထမဆုံး ဖလားကို စောင့်မျှော်ခဲ့ရတာ အချိန်တော်တော်ကြာပါတယ်---ဗန်ပါစီ

ဗီလာကို ၃ဂိုးပြတ်အနိုင်ရခဲ့သောကြောင့် မန်ယူမှာ အကြိမ် ၂၀မြောက် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်ခဲ့သည်။ မန်ယူသည် လက်ကျန် ၄ပွဲ ကစားရန်ကျန်ရှိချိန်၌ ၈၄မှတ် ရရှိထားပြီး မန်စီးတီးမှာ ၅ပွဲ ကစားရန် ကျန်သေးသော်လည်း ၆၈မှတ်သာ ရရှိထားသဖြင့် မန်ယူကို လိုက်မီရန် မဖြစ်နိုင်သည့်အတွက် မန်ယူ ဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။

ဗန်ပါစီ၏ဟက်ထရစ်ဂိုးကြောင့် မန်ယူမှာ ပထမပိုင်း၌ပင် ဗီလာကို ၃ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ဗန်ပါစီ အနေဖြင့်လည်း သွင်းဂိုး ၂၄ဂိုးဖြင့် ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်း သူနေရာ တွင် ပြန်လည်ရပ်တည်နိုင် ခဲ့သည်။ ထို့ကြောင့် PFA တစ်နှစ်တာ အကောင်းဆုံးဆု ပဏာမစာရင်းတွင် ပါဝင်နေသော ဗန်ပါစီ အနေဖြင့်လည်း ဆုရရန် အခြေအနေပိုကောင်းလာခဲ့ပြီး မိမိအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဖလားရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“အခုအချိန်မှာ ကျွန်တော်အရမ်းပျော်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ ပထမဆုံး ဆုဖလားကို အချိန် တော်တော်ကြာအောင် စောင့်ခဲ့ရလို့ပါပဲ။ ပရီးမီးယားလိဂ်ဖလားကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သလို ဗီလာကို သွင်းခဲ့တဲ့ ကျွန်တော့်ရဲ့ဒုတိယဂိုးဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး ဂိုးတစ်ဂိုးပါပဲ။ လာမယ့်ပွဲမှာ အသင်းဟောင်း အာဆင်နယ် နဲ့ ပြန်ရင်ဆိုင်ရမှာဖြစ်ပေ မယ့် လောလောဆယ်တော့ ကျွန်တော် ပျော်ပျော်နေပါရစေ”ဟု ဗန်ပါစီက ဖွင့်ဟခဲ့သည်။ ဗန်ပါစီမှာ အာဆယ်နယ်မှ ပေါင် ၂၄သန်းဖြင့် ပြောင်းရွှေ့လာသော ကစားသမားတစ်ဦးဖြစ်ကာ မန်ယူအတွက် ၎င်း၏ သွင်းဂိုးတစ်ဂိုးမှာ ပေါင် ၁သန်းခန့် တန်ကြေးရှိနေ ပြီး တစ်ပွဲပျှမ်းမျှ ၀.၇၁ဂိုး သွင်းယူပေးထားနိုင် သူဖြစ်သည်။

0 comments:

Post a Comment