လာမည့် ရာသီတွင် ဒေါ့မွန် ကွင်းလယ် ဖန်တီးရှင် ဂေါ့ဇီကို ခေါ်ယူရန်
သဘောတူညီမှု ရခဲ့ကြောင်း ဘိုင်ယန်မြူးနစ် အသင်း ၀က်ဆိုက်တွင်
အတည်ပြုဖော်ပြထားသည်။ ဂေါ့ဇီမှာ ဒ့ါမွန်တွင် ၂၀၁၆ ထိ စာချုပ်
သက်တမ်း ရှိနေသူ ဖြစ်သော်လည်း ဘိုင်ယန်မှ စာချုပ်ပါ လျှော်ကြေး ယူရို
၃၇သန်း ပေးချေ ၍ ဂေါ့ဇီကို ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ၎င်းအနေဖြင့် တစ်နှစ် လုပ်ခ
ယူရို ၇သန်း ရရှိမည်ဖြစ်သည်။
ဂေါ့ဇီသည် ယခု ရာသီတွင် ဒေါ့မွန်အတွက် ၂၈ ပွဲ ပါဝင်ကစား ခဲ့ကာ ၁၀ ဂိုး သွင်းယူ ပေးနိုင်သည့် လူငယ် ကစားသမား တစ်ဦး ဖြစ်ပြီး မန်ယူ၊ အာဆင်နယ်တို့ထက် လက်ဦးမှု ရယူကာ ဘိုင်ယန်မှ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒေါ့မွန် အမှုဆောင်ချုပ် ဝေါ့စကီက ဂေါ့ဇီကို လက်လွတ် ဆုံးရှုံးခဲ့ရခြင်းမှာ အသင်းအတွက် ကြီးမားသော ထိုးနှက်ချက်ဟု ညဉ်းတွားခဲ့သည်။ ဂေါ့ဇီမှာ ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရခင်ကတည်းက ဘိုင်ယန်သို့ ပြောင်းလိုကြောင်း ၀န်ခံထားခဲ့သူဖြစ်ပြီး ၂၀၁၃ ဇူလိုင် ၁ရက်နေ့တွင် ဘိုင်ယန်သို့ ရောက်ရှိမည်ဖြစ် သည်။

0 comments:
Post a Comment