စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးဦးဆောင်ကာ ကူးသန်းရောင်းဝယ်ရေးနှင့်
စားသုံးသူရေးရာ ဦးစီး ဌာနညွှန်ချုပ်၊ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ
ဒု-ညွှန်ချုပ်တို့နှင့် အရပ်ဘက်အဖွဲ့များက ဇန်န၀ါရီ ၂၉ ရက်တွင်
တမူးမြို့နယ်၌တွေ့ဆုံစဉ် တစ်ဦးချင်းကုန်သွယ်လုပ်ငန်းမှတ်ပုံတင်ကတ် (ITC
Card) ကတ်နှင့် ပတ်သက်၍ တမူးလူငယ်ကွန်ရက်အဖွဲ့မှ တောင်းဆိုမှုအပေါ် ၀န်ကြီးက
ကတိပေးခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ဦးယဉ်ကိုဦးက
“ငွေကြေးမလုံလောက်တဲ့ ITC ကတ်သမားတွေက သတ်မှတ်ရက်အတွင်း မသွင်းနိုင်လို့
နစ်နာ မှုတွေဖြစ်တယ်။ ဒါကြောင့် သွင်းချင်တဲ့ပစ္စည်းတိုင်းကို
သွင်းခွင့်အများဆုံးတစ်လခွဲ လောက်အထိ တိုးပေးဖို့တောင်းတာပါ” ဟု ပြောသည်။
တစ်ဦးချင်းကုန်သွယ်ခွင့်မှတ်ပုံတင်ကတ် ITC ဖြင့်
သွင်းကုန်ထုတ်ကုန်ပြုလုပ်ရာတွင် ကုန်သွယ်ခွင့် လိုင် စင် သက်တမ်းအား
ခုနစ်ရက်သာပေးထားခြင်းဖြစ်ရာ အကြောင်းတစ်စုံတစ်ရာကြောင့် လိုင်စင်လျှောက်
ထားပြီး ကုန်သွယ်မှုမလုပ်နိုင်ခြင်းများရှိပါက
နစ်နာမှုများကြုံတွေ့နေရခြင်းကြောင့် ယင်းသို့တောင်း ဆိုခြင်းဖြစ်သည်ဟု
ဒေသခံများကပြောသည်။
ITC ကတ်ရရှိထားသော တမူးမြို့ခံကုန်သည်
ဦးပင့်ကူက “ကျွန်တော်တို့ သယ်ချင်တဲ့အချိန်မှာ သယ်ခွင့် မရတော့
ဆိုင်တွေကို ပြန်သွင်းတဲ့အခါမှာ ဈေးကျတာနဲ့တိုးရင် အရှုံးပေါ်တယ်။ ဒါကြောင့်
ကုန်သည်ကြီး တွေကလွဲရင်တော်ရုံ ITC သမားက ဈေးကွက်မှာမတိုးနိုင်ဘူး” ဟု
မဇ္ဈိမသို့ ပြောသည်။
တစ်ဦးချင်းကုန်သွယ်ခွင့်လိုင်စင် (ITC)
ကတ်အား ရယူလိုသူများသည် နယ်စပ်ကုန်သည်ကြီးများ အသင်းတွင် အသင်းဝင်အဖြစ်
မှတ်ပုံတင်ပြီးနောက် သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင်
မှတ်ပုံတင်ကြေး ကျပ်ငါးသောင်းပေးသွင်းပြုလုပ်နိုင်ရာ
ကတ်ရရှိရေးလွယ်ကူသော်လည်း ပစ္စည်းသွင်းခွင့် ရက်ကန့်သတ်ချက်နည်းသဖြင့်
ကုန်သည်အသေးစားများမှာ အခက်အခဲဖြစ်ကြရသည်ဟု နယ်စပ်ကုန် သည်ကြီးများအသင်းမှ
အထွေထွေအတွင်းရေးမှူး ဦးခင်မောင်တင်က မဇ္ဈိမသို့ ပြောသည်။
ယင်းက
“အိနိ္ဒယဘက်ကို ၀င်တဲ့အခါမှာ ဟိုဘက်က တစ်ခါတလေလမ်းကြောင်းပိတ်ထားတာတွေရှိ
တယ်။ နက်ဖြန်မှာ ကျွန်တော်တို့ နယ်စပ်ကုန်သွယ်ဘက်က အစိုးအဖွဲ့နဲ့
အစည်းဝေးလုပ်ဖို့ရှိပါတယ်။ ဒီကတ်အကြောင်းကို ပြောကြမှာပါ” ဟု ပြောသည်။
လက်ရှိတွင် ITC ကတ်ဖြင့် ပို့ကုန်ပစ္စည်း ၁၅၇ မျိုးနှင့် သွင်းကုန်ပစ္စည်း
၂၄၂ မျိုးအား တစ်နေ့လျှင် ကျပ် ဆယ်သိန်းနှုန်းဖြင့် ၅ ရက်အတွက် သိန်း ၅၀
တန်ဖိုးအထိသာ တစ်ပတ်တာသက်တမ်းဖြင့် ကုန်သွယ် ခွင့်ပြုထားခြင်းဖြစ်သည်။
တစ်ဦးချင်းကုန်သွယ်လုပ်ငန်းမှတ်ပုံတင်ကတ်များအား ၂၀၁၂ခုနှစ်မှ
နိုဝင်ဘာလမှစတင်ကာ တမူး၊ ချင်း ရွှေဟော်၊ တာချီလိတ်၊ ကန်ပိုက်တီး၊ ရိဒ်နှင့်
မောတောင်နယ်စပ်စခန်းများတွင် ခွင့်ပြုပေးလျက်ရှိသည်။
Mizzima - News in Burmese
0 comments:
Post a Comment