Friday, January 31, 2014

ဒုတိယအကြိမ်သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဗန်တိုတံခွန်စိုက်ပြိုင်ပွဲပြုလုပ်မည်

မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ဒုတိယအကြိမ်မြောက် သိုင်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဗန်တိုတံခွန်စိုက် ပြိုင်ပွဲကိုလာမည့် မတ် ၂၃ ရက် အောင်ဆန်းအားကစားကွင်း၊ မိုးလုံလေလုံ အားကစား ခန်းမတွင် ကျင်းပမည်ဖြစ်သည်။


ပြိုင်ပွဲတွင် အသက် ၁၇ နှစ်မှ ၃၅ နှစ် အတွင်းရှိ မြန်မာ့ရိုးရာဗန်တိုသိုင်းပညာတတ်မြောက်သူ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဗန်တိုအတိုက်ပြိုင်ပွဲများ၊ တစ်ကိုယ်တော် စွမ်းရည်ပြပြိုင်ပွဲ၊ အသင်းလိုက် စွမ်းရည်ပြ ပြိုင်ပွဲများကိုထည့်သွင်း ကျင်းပသွားမည် ဖြစ်သည်။ သိုင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲမှာဆုရတဲ့ သူတွေကို ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေတွေ ချီးမြှင့်မှာပါ။ လောလောဆယ်မှာ ပထမ ရွှေတံ ဆိပ်ရတဲ့သူကို ဆုကြေးငွေကျပ် တစ်သိန်း၊ ဒုတိယ ငွေတံဆိပ်ကို ငွေကျပ်ခုနစ်သောင်းနဲ့ တတိယ ကြေး တံဆိပ် ငွေကျပ်ငါးသောင်းချီးမြှင့်ဖို့ လျာထားပါတယ်” ဟု ပြောသည်။ 

ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် မတ်လ ၂၆ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံ သိုင်း အဖွဲ့ချုပ်သို့ လာရောက်စာရင်းပေးသွင်းနိုင်သည်။ ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ်ကျင်းပခဲ့သည့် သိုင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလားဗန်တိုတံခွန်စိုက်ပြိုင်ပွဲ၌ ၀န်ကြီးဌာနအသင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်းများ၊ ကလပ်အသင်း နှင့် ပင်မအသင်းများပါဝင်ခဲ့ပြီး ကစားသမား စုစုပေါင်း ၈၀ ဦးခန့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကြသည်။ 

အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဗိုဗီနမ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်ခြောက်ခုရယူပေးခဲ့သည့် မြန်မာ ဗိုဗီနမ် အားကစားသမားများမှာ မြန်မာ့ရိုးရာ ဗန်တိုသိုင်းကစားသမားများ ဖြစ်ကြသည်။ ဗီယက်နမ် ရိုးရာ သိုင်းဖြစ်သည့် ဗိုဗီနမ်သိုင်းသည် မြန်မာ့ရိုးရာ ဗန်တိုသိုင်းနှင့်ဆင်တူသည့် ကစားနည်းတစ်ခု ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment